အပိုင်း (၈)
ပေလွှာအတော်ကြာပြန်ရောက်မလာနိုင်တော့ မေမိုးလဲမနေနိုင်ကာ သန့်စင်ခန်းဘက်သွားရှာခဲ့ပေမယ့် လူရိပ်လူခြေတောင်မတွေ့။
ဝန်ထမ်းတစ်ချို့ကိုမေးကြည့်တော့ မသိဘူးလို့သာ ပြောလာကြသည်။
အိမ်ပြန်သွားတယ်ပြောရအောင်လည်း ပေလွှာ့ဖုန်းနဲ့ပိုက်ဆံအိတ်က မေမိုးနှင့်အတူကျန်ခဲ့လေသည်။
အချိန်အတော်ကြာရှာခဲ့ပြီးတာတောင် ပေလွှာ့အားမတွေ့တာမို့ ပေလွှာ့မိသားစုဆီအကြောင်းကြားဖို့သာရှိတော့သည်။
" ဟယ်လို အန်တီ "
" မေမိုး သမီးပြော "
" ဟိုလေ ဘယ်လိုပြောရမှန်းမသိပေမယ့် အန်တီတို့ကိုပြောမှဖြစ်မှာမလို့ပါ "
" စကားပလ္လင်ခံမနေပါနဲ့ မေမိုးရယ် ငါရင်တွေပူလာပြီ "
" ဟို ဟိုလေ ပေလွှာပျောက်သွားလို့ပါအန်တီ ပျောက်တယ်ဆိုတာကလဲ သူသန့်စင်ခန်းသွားရင်းအခုထိပြန်မလာလို့လိုက်ရှာကြည့်ရင်းမှသိတာပါ အဲ့တာလေ ဟယ်လို ဟယ်လို အန်တီ "
ဒေါ်လရိပ်နွယ်တစ်ယောက်ဘယ်လိုမှမခံစားနိုင်ပေ။ စိတ်ထဲမတင်မကျဖြစ်နေတဲ့ကိစ္စကအခုဖြစ်လာလေပြီ။
မဖြစ်ဘူး။ သားဇိုင်းဆီဖုန်းဆက်ရမယ်။
" ဟယ်လို "
" ဟယ်လို သားဇိုင်း "
" မာမီ ဘာဖြစ်နေတာလဲ အသံကတအားမောနေတဲ့ပုံပဲ ဘာဖြစ်လို့လဲ မာမီ "
" မာမီ ဘာမှမဖြစ်ဘူးသား သမီး သမီးပေလွှာလေး ပျောက်သွားလို့တဲ့ သားရယ် "
" ဘာ ဘယ်လိုဖြစ်လို့ပျောက်ရတာတုန်း အိမ်မှာရှိနေတာမဟုတ်ဘူးလား "
" မရှိဘူးသား ကျောင်းနှုတ်ဆက်ပွဲအကြိုရှိလို့ဆိုပြီး မေမိုးနဲ့အတူ ညစာစားပွဲသွားကြတာ အဲ့တာစောနက မေမိုးဖုန်းဆက်လာတယ် သားရယ် သမီးပေလွှာပျောက်နေတယ်တဲ့ "
" ဟိုဟိုဒီဒီလျှောက်သွားနေတာကော မဖြစ်နိုင်ဘူးလား မာမီ သူ့ဖုန်းကိုဆက်ကြည့်ပြီးပြီလား "
" သန့်စင်ခန်းခဏသွားတာတဲ့ ဖုန်းတွေပိုက်ဆံအိတ်တွေအကုန်ထားခဲ့တာ အခုမေမိုးက ပေလွှာဖုန်းနဲ့ဆက်လိုက်တာ "
YOU ARE READING
ကိုယ့်နှလုံးသားပေလွှာ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)
Romance{Unicode & Zawgyi} Crd - Pinterest Photo START _ 5.10.2023 END _ 11.11.2023 ပထမဆုံးအရေးအသားဖြစ်တာမို့ ဤဝတ္ထုဇာတ်အိမ်သည် သင်မျှော်လင့်ထားသလောက် ကောင်းချင်မှကောင်းနိုင်ပါလိမ့်မည်။ စိတ်ကူးယဉ်ဝတ္ထုဖြစ်တာကြောင့်တကယ့်လက်တွေ့နှင့်များစွာကွာခြားနိုင်ပါသည်။...