အပိုင်း(၁၅-က)
ဇိုင်း မာမီ့အိမ်ကိုလဲမပြန်ဖြစ်။ ခြေဦးတည်ရာလျှောက်သွားနေမိတာ ဒီနေ့နဲ့ဆို တစ်လတိတိရှိခဲ့ပြီ။ အခုချိန်တစ်ယောက်သောသူကော ဘယ်လိုများနေထိုင်နေပါသလဲ။ ကျန်းကျန်းမာမာကောရှိရဲ့လား။
ချက်ချင်းလက်ငင်းစီစဉ်လိုက်ကြတဲ့ ငစိုင်းတို့မင်္ဂလာပွဲကလည်း မနက်ဖြန်တဲ့လေ။ မကောင်းတတ်တော့ တက်ရောက်ရအုံးမည်။ တစ်ရုံးလုံးနီးပါးသိနေတဲ့ ကွာရှင်းလိုက်တဲ့အကြောင်းက အခုလက်ရှိအချိန်တွေလောက် စိတ်ပျက်စရာကောင်းမနေ။
ကနေဒါမှာ ပါရဂူဘွဲ့အတွက်ကျောင်းဆက်တက်ဖို့ လျှောက်လွှာတင်ထားခဲ့လိုက်ပြီ။ အမှန်က ဘွဲ့ထပ်ယူဖို့ဆိုတာထက် ဒီကဖြစ်ရပ်တွေကို မေ့ပျောက်နိုင်စေဖို့သာ။
မင်္ဂလာဖိတ်စာလှလှလေးက ရင်ကိုအဲ့လောက်မကွဲစေနိုင်ခဲ့ပေမယ့် ရှေ့တစ်ပတ်က မာမီဖုန်းဆက်လာသည့်အကြောင်းရင်းတစ်ချို့ကသာ ရင်ကိုအစိမ်းလိုက်ခွဲလေသည်။
" သားဇိုင်း ဘာလို့အိမ်ပြန်မလာတာလဲ အဆင်ကောပြေရဲ့လားသားရယ် "
" သားအဆင်ပြေပါတယ် "
အရွယ်ရောက်လာသည့်အချိန်မှစ ကျွန်တော်ဟုသာ သုံးနှုန်းတတ်တဲ့ ဒီကလေးက သူ့ကိုယ်သူ သားလို့ပြောလာတယ်လေ။
" သားကို မာမီပြောစရာတွေအများကြီးရှိတာသားရယ် "
" သားကောအတူတူပါပဲ "
" သားအလုပ်မများနေဘူးဆိုရင် မာမီပြောတဲ့အကြောင်းအရင်းတွေကို နားထောင်ချင်လား "
" သားနားထောင်နေပါတယ် "
" ပေလွှာ ဘော့စတွန်ကိုသွားပြီ သား "
" ဟင် "
" ဟုတ်တယ် သူအလုပ်လျှောက်ထားတာတဲ့ အဲ့တာအေဂျင်စီဘက်က ဖုန်းပြန်ဆက်လို့ မေမိုးနဲ့အတူ မနေ့ကပဲ မာမီကိုယ်တိုင်လေဆိပ်ကိုလိုက်ပို့ပေးခဲ့တာ "
" ကျွန်တော့်ကိုဘာလို့မပြောတာလဲ မာမီ "
" သားဘက်ကပြောစရာကျန်သေးလို့လား "
" မကျန်တော့ပါဘူး အကုန်လုံးသူယူသွားတာမာမီ သားပြောစရာစကားမရှိတော့အောင် သူလုပ်သွားတာ "
YOU ARE READING
ကိုယ့်နှလုံးသားပေလွှာ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)
Romance{Unicode & Zawgyi} Crd - Pinterest Photo START _ 5.10.2023 END _ 11.11.2023 ပထမဆုံးအရေးအသားဖြစ်တာမို့ ဤဝတ္ထုဇာတ်အိမ်သည် သင်မျှော်လင့်ထားသလောက် ကောင်းချင်မှကောင်းနိုင်ပါလိမ့်မည်။ စိတ်ကူးယဉ်ဝတ္ထုဖြစ်တာကြောင့်တကယ့်လက်တွေ့နှင့်များစွာကွာခြားနိုင်ပါသည်။...