အပိုင်း(၆)
" စိုင်း! "
" နွယ်နီ တစ်ကိုယ်လုံးလဲ ဖြူရော်နေပါလား နင်ဘာတေွဖြစ်နေတာလဲ "
" စိုင်း ငါနင့်ကိုအကူအညီတောင်းချင်လို့ပါ "
" အေး လာလေ ဒီမှာထိုင် ဖြေးဖြေးလျှောက်အုံး "
" နင်လုပ်ငန်းတွေေကာအဆင်ပြေရဲ့လား "
" ဒီလိုပါပဲ ဒါနဲ့ နင်အခုဘာတွေဖြစ်နေတာလဲ "
" ငါ့မှာ ကိုယ်ဝန်ရှိနေတာ စိုင်း "
" ဟုတ်လား ဒါဆိုကေလးကဘယ်သူနဲ့ရတာလဲ "
" နင်ငါ့ရည်းစားကိုမမှတ်မိတာတော့မဟုတ်ပါဘူးနော် "
" ဟင် ဟုတ်တယ် ငါအခုတလောဘာကိုမှသိပ်မမှတ်သလိုဖြစ်နေတာ "
" မေ့နေတယ်ဆိုတော့လည်း ငါပြောပြမယ် "
" အင်း "
" လွန်ခဲ့တဲ့ ၂နှစ်က jadeစားသောက်ဆိုင်မှာ ငါသူ့ကို နင်နဲ့မိတ်ဆက်ပေးလိုက်သေးတယ်လေ အဲ့ကောင်လေးကိုမှတ်မိတယ်မလား "
" ဆောရီးနွယ်နီ ငါတကယ်မမှတ်မိလို့ "
" အင်း သူဓာတ်ပုံပြရင်တော့နင်မှတ်မိမယ်လို့ငါထင်တယ် နောက်ပြီး သူ့မာမီက ပြည်ပအေဂျင်စီ တစ်ခုကမန်နေဂျာလေ ရော့ ဒါက လွန်ခဲ့တဲ့ ၂နှစ်က သူ့ဓာတ်ပုံ"
နွယ်နီ သူမဖုန်းလေးထဲက ဓာတ်ပုံလေးတစ်ပုံကိုထုတ်ပြလိုက်သည်။
" သူက! "
" သူ့နာမည်က ဟိန်းဇေလေ "
" ဘာ! "
" စိုင်း ဘာဖြစ်လို့လဲ နင်မှတ်မိပြီလားသူ့ကို "
" သိပ်ကိုမှတ်မိသွားပြီနွယ်နီ ဆိုတော့ ဒီဗိုက်က သူနဲ့ရတဲ့ဗိုက်ပေါ့ "
" ဟုတ်တယ် သူနဲ့ငါ လမ်းခွဲလိုက်တာ ၄လဝန်းကျင်တော့ရှိပါပြီ မနေ့တနေ့ကမှ ငါ့မှာသူနဲ့ရတဲ့ကိုယ်ဝန်(၃)လကျော်ရှိနေတာကို သိလိုက်ရတာ "
" သူနဲ့ကော ဒီကိစ္စအတွက် စကားပြောကြည့်ပြီးပြီလား "
" ပြောကြည့်ပြီးပြီ သူ့လက်ရှိကောင်မလေးနဲ့ကျောင်းပြီးရင်ယူကြတော့မယ်တဲ့ အဲ့တော့ "
YOU ARE READING
ကိုယ့်နှလုံးသားပေလွှာ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)
Romance{Unicode & Zawgyi} Crd - Pinterest Photo START _ 5.10.2023 END _ 11.11.2023 ပထမဆုံးအရေးအသားဖြစ်တာမို့ ဤဝတ္ထုဇာတ်အိမ်သည် သင်မျှော်လင့်ထားသလောက် ကောင်းချင်မှကောင်းနိုင်ပါလိမ့်မည်။ စိတ်ကူးယဉ်ဝတ္ထုဖြစ်တာကြောင့်တကယ့်လက်တွေ့နှင့်များစွာကွာခြားနိုင်ပါသည်။...