အပိုင်း(၅)
!Unicode!
စိုင်းသက်သာလာပြီဖြစ်လို့ မနက်ပိုင်းပဲ ဆေးရုံကဆင်းလာခဲ့ကြသည်။
" ဟယ် တံခါးကြီးက သော့ခတ်ထားတယ် "
" ဘာဖြစ်တာလဲ နှင်းနှင်း "
" ဟိုလေ နှင်းနှင်းက ပေလွှာ့ကို အိမ်သော့ပေးထားခဲ့တာ အခုအိမ်တံခါးက သော့ခတ်ရက်သားကြီးပဲ ရှိနေလို့ ကိုစိုင်း "
" အော် အပြင်ခဏထွက်သွားတာနေမှာပေါ့ နှင်းနှင်းရယ် ရော့ မာမီ့ဆီကသော့အပိုနဲ့ဖွင့်လိုက် "
" ဟုတ် "
တစ်ညလုံးဆေးရုံအနံ့တွေကြောင့် လူးလိမ့်နေခဲ့ရပြီးအိပ်စက်လို့တော့မရနိုင်ခဲ့ပေ။
" သားစိုင်း သွားနားတော့လေ သားတစ်ညလုံးမအိပ်ထားတာ မာမီသိတာပေါ့ "
" မာမီ ပေးပေးကိုဖုန်းဆက်ကြည့်လိုက်ပါအုံး"
" အေးပါ သားရယ် မာမီ ဆက်ထားလိုက်မယ် သွားနားတော့ သားက "
သားစိုင်းတက်သွားတော့မှ ခြံထဲ အညောင်းပြေအညာပြေလမ်းဆင်းေလျှာက်ရင်း သမီးငယ်အား ဖုန်းဆက်ကြည့်လိုက်သည်။
ဖုန်းလေးကအဝင်တော့ရှိပြီး လာကိုင်မည့်သူတော့မရှိ။
" ဒီကလေးနှယ် ဘယ်တွေလျှောက်သွားနေလဲမသိပါဘူး ဟင်းးး "
သက်ပြင်းရှည်ကြီးချရင်း လာကိုင်မည့်သူမရှိတဲ့ဖုန်းနံပါတ်အား နောက်တစ်ခါထပ်ဆက်လိုက်ပါသည်။
ဒီတစ်ခါတော့ သမီးပေလွှာမဟုတ်တဲ့ မိန်းကလေးတစ်ယောက်အသံကိုကြားလိုက်ရသည်။
" ဟယ်လို ပေလွှာကအခုရေချိုးခန်းဝင်သွားပါတယ်ရှင် ပြောစရာရှိရင်ပြောခဲ့ပါ "
" ဟယ်လို သမီးကဘယ်သူလဲကွယ် "
မေမိုးလဲ အဆက်မပြတ်လာနေသော ဖုန်းသံကြောင့် အိပ်မရတော့ဘဲ အိပ်ချင်မူးတူးနဲ့ထကိုင်လိုက်တာမို့ ခေါ်ဆိုသူနာမည်ကိုမကြည့်လိုက်မိ။ တစ်ဖက်ကလူကြီးအရွယ် အသံကြောင့် ခေါ်ဆိုသူအမည်အား ကမန်းကတန်းကြည့်လိုက်သည်။
" ဟယ်လို အန်တီ သမီးက ပေလွှာ့သူငယ်ချင်း မေမင်းမိုးပါ ပေလွှာကအခုသမီးအိမ်ရောက်နေတာပါအန်တီ မစိုးရိမ်ပါနဲ့နော် "
YOU ARE READING
ကိုယ့်နှလုံးသားပေလွှာ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)
Romance{Unicode & Zawgyi} Crd - Pinterest Photo START _ 5.10.2023 END _ 11.11.2023 ပထမဆုံးအရေးအသားဖြစ်တာမို့ ဤဝတ္ထုဇာတ်အိမ်သည် သင်မျှော်လင့်ထားသလောက် ကောင်းချင်မှကောင်းနိုင်ပါလိမ့်မည်။ စိတ်ကူးယဉ်ဝတ္ထုဖြစ်တာကြောင့်တကယ့်လက်တွေ့နှင့်များစွာကွာခြားနိုင်ပါသည်။...