Part 14

125 5 3
                                    

He came to me when I needed someone

မိုးများတဖွဲ"ကျလာကာ အုံ့မှိုင်းနေသော တိမ်တိုက်များကြောင့် ကျွန်မဟာ ထိုသူ့ရင်ခွင်ထဲမှ ခေါင်းလေးထောင်ကာ စကားစလိုက်သည်။

"မိုးရွာတော့မယ် သီချင်းနားထောင်ရအောင် လူကြီး"

"ကလေးငယ် ဘာသီချင်း‌နားထောင်ချင်လဲ..."

"ရှင့် သဘော"

"ကိုယ်..." ဟုဆိုကာ ကျွန်မအား ဖျော့တော့သော အကြည့်များဖြင့်ကြည့်လာသည်။ ဒါဟာ ကျွန်မတို့ နှစ်ယောက် ရွေးချယ်မှုတွေကြုံလာတိုင်း ကျွန်မအား အမြဲဦးစားပေးသည်ဆိုပေမယ့် အချို့သော ရွေးချယ်မှုများအား သူ့ဘက်က ရွေးချယ်လိုသည့်အရာကိုသာ အတည်ဦးစားပေးစေချင်သောအခါများ‌တွင်ကြည့်လေ့ရှိသည်။ သို့ပေမယ့် ရှားလွန်းသည်။

ယခုဟာလည်း ဘားမှအရေးမကြီးတာရယ် ကျွန်မဟာလည်း ဘာသီချင်းနားထောင်ရမှန်းမသိတာရယ်ကြောင့် ကျွန်မ သူ့ကိုဦးစားပေးရန်ဆုံးဖြတ်ခဲ့သည်။

"ဆက်ပြောပါဦး"

"ကိုယ် ဟိုသီချင်းနားထောင်ချင်တယ်။"

"ဟင် ဘယ်ဟာ...?"

ကျွန်မမေးလိုက်တော့ ထိုလူကြီးဟာ ကျွန်မတို့ ကုတင်ဘေးစားပွဲပေါ်က ကျွန်မ‌ဖုန်းအားကောက်ကိုင်ကာ သီချင်းအားဖွင့်လိုက်သည်။

ထိုသီချင်းဟာ ဆောင်းဦးလှိုင်ရဲ့ အပိုဆုသာ...။

တီးလုံးစလာထဲက ကျွန်မ ငယ်"လေးထဲက နားထောင်နေကျသီချင်းဖြစ်တာရယ်၊ ငယ်"က ဦးဆောင်းဦးလှိုင်သီချင်းတွေထဲအကြိုက်ဆုံးသီချင်းဖြစ်ခဲ့တာကြောင့် ကျွန်မဟာလည်း ထိုသီချင်းကား သေချာနားထောင်ကာ ထိုလူကြီးရင်ခွင်ထဲခေါင်း‌လေးပြန်ထိုးဝင်မိသည်။

ဒါအပြင် ကျွန်မဟာလည်း စဉ်းစားမိသည်။ ဘယ်တုန်းကမှ ထိုသူဟာ သူကြိုက်တဲ့သီချင်းများမရှိသလို အကြိုက်ဆုံးပါဆိုတာဟာလည်း ဦးထူးအိမ်သင်၏ တကယ်လို့များသာရှိသည်။ ဒါကြောင့် ကျွန်မဟာ ထိုသီချင်း၏အဓိပ္ပာယ်ကိုသေချာသိသော်လည်း ထိုလူကြီးပေးချင်သော် message ရှိသည်မို့ သေချာနားထောင်လိုက်သည်။

He Came To Me When I Needed Someone Where stories live. Discover now