Extra 9

343 9 16
                                    

Unicode

နေရောင်နုနုတို့မျက်နှာပေါ်တွင်ယှက်ဖြာကျနေလျှင်
တစ်လက်လက်ထနေသောအသားအရည်နှင့်မျက်တောင်ရှည်ရှည်များ၊ပြေလျော့နေသောမျက်ခုံးများ၊စိတ်ချလက်ချအိပ်မောကျနေသူကိုငေးကြည့်နေသူကအသက်ရှုဖို့မေ့နေသည့်အတိုင်းပင်။

ဆံနွယ်များကိုသပ်ပေးကာအမှုန်အဖြစ်လေထဲတွင်ပျောက်ကွယ်တော့မည့်အလားဖက်ထားလေသည်။

လှိုင်းသံရေးရေးလေးကပြတင်းပေါက်အပြင်မှတစ်ရိပ်ရိပ်ကြားနေရကာဇင်ယော်ငှက်တို့၏အသံများနှင့်အတူလေတွင်ပါနေသောဆားနံ့ပါသည့်လေပြေခပ်နွေးနွေး။ပင်လယ်ကိုချစ်သောထိုလူသားလေးနိုးလာလျှင်မည်မျှပျော်လိမ့်မည်ကိုကြိုတောင်မတွေးနိုင်။

ထို့အပြင်တန်းတွင်ချိတ်ထားသောဆိုဒ်မတူသည့်အဖြူရောင်ဝတ်စုံ၂စုံအနားကွတ်များကိုအမဲသုံးထားပြီးအဖြူရောင်ဆိုပေမယ့်မီးခိုးဖျော့ရောင်ကဲ့သို့ဖြစ်လေသည်။

"ဆရာ~~~"

တံခါးကြားမှကိုဆက်အသံကြောင့်လှည့်ကြည့်လိုက်လျှင်

"ညနေအတွက်အကုန်ပြင်ဆင်ပြီးပါပြီ~~~"

ခေါင်းငြိမ့်ပြလျှင်တံခါးကိုပြန်စေ့ခဲ့ကာဖြေးဖြေးချင်းနောက်ဆုတ်သွားကာထွက်သွားလေသည်။

ရင်ခွင်ထဲမှလူဆီသို့ပြန်လှည့်ကာပြုံးလျက်မျက်ရည်တို့ပင်ဝဲလာလေသည်။ပါးနုနုလေးသို့ဖွဖွလေးနမ်းကာ
ပြုံးနေသူကမျက်တောင်ခတ်လိုက်လျှင်အီသလစ်
နှာတံလေးပေါ်သို့ကျသွားသောမျက်ရည်စက်ကြောင့်အိပ်ပျော်နေသူကလှုပ်ရှားလာလေသည်။
နိုးသွားမည်စိုး၍ဖက်ထားကာကျသွားသောမျက်ရည်ကိုသုတ်ပေးလျက်ခေါင်းသို့ဖွဖွလေးပွတ်ပေးနေသောငြားကလေးတစ်ယောက်လိုသမ်းကာမျက်တောင်ကလေးများပုတ်ခတ်ပုတ်ခတ်ဖြစ်လာလေသည်။

မျက်လုံးလေးများပွင့်လာလျှင်အရှေ့ကလူ၏မျက်နှာကိုကိုင်ကာသေချာကြည့်လျက်ပြုံးနေလေသည်။

"အကို့မှာနှုတ်ခမ်းမွှေးနဲ့ . .

ကြောင်သွားကာမိမိမျက်နှာသို့ကိုင်ကြည့်လျှင်
နှစ်ရက်လောက်မရိတ်သင်ရသေးသောနှုတ်ခမ်းမွှေးနှင့်မုတ်ဆိတ်ရေးရေး၊ပုသိုင်းမွှေးတို့ထွက်နေပြီဖြစ်လေသည်။

1759 {season 1}Where stories live. Discover now