Unicode
"အကို တစ်ခုခုကိုစိုးရိမ်နေသလိုပဲ အိမ်မှာတစ်ခုခုဖြစ်လို့လား"
"အင်း ကိုယ်မင်းကိုပြောပြစရာရှိတယ်"
ပြတင်းပေါက်တွင်ပင်လယ်ပြင်ရှိရာသို့ မျက်နှာမူကာ
ထိုင်နေသူက ပေါင်ပေါ်တွင်ထိုင်နေသူ၏ ပုခုံးကိုနမ်းရှိုက်လျက်ပြောလာလျှင် မျက်နှာသို့တစ်ချိန်လုံးအကဲခတ်ကြည့်နေသူက"ပြောလေ"
"ကိုယ့်မှာ အစ်ကိုတစ်ယောက်ရှိတယ်"
"ဗျာ"
"ဟုတ်တယ် သူ့နာမည်က မာန်တ္တဓတဲ့ မင်းကိုဆေးခပ်ခဲ့တဲ့မိန်းမက ကိုယ့်မွေးစားအမ သူတို့နှစ်ယောက်က အရမ်းဆိုးတယ် ကိုယ့်အစ်ကိုက မင်းကို ဝယ်ဖို့
စောင့်နေခဲ့တာ ဒါမယ့်သူနယ်စပ်ရောက်နေလို့ မဝယ်နိုင်ခဲ့တာ"မျက်လုံးလေးတို့ ဝိုင်းစက်နေသူက နားထောင်ရင်း
ခတ္တဓလက်ကိုဆုပ်ကိုင်လာလျက်"အကိုသာ ကျွန်တော့်ကို မရခဲ့ရင် ကျွန်တော်သူ့လက်ထဲ သေနေလောက်ပြီမလား"
ခါးမှဆွဲကာ ဖက်လျက်ရင်ဘတ်သို့မျက်နှာအပ်သွားသူက
"ကိုယ်အဲ့လို အဖြစ်မခံနိုင်ပါဘူး မင်းကိုဘယ်သူမှ. .ဘယ်သူမှ ထပ်ပြီးနာကျင်အောင် လုပ်ခွင့်မပေးနိုင်ဘူး"
ပါးပြင်သို့ရောက်လာသော လက်ချောင်းသွယ်သွယ်လေးများက ရင်ဘတ်တွင်မျက်နှာအပ်ထားသူကို မော့စေကာ ပါးပြင်သို့နမ်းရှိုက်လျက်
"ကျွန်တော် ခင်ဗျားရှေ့မှာပါ ခင်ဗျားရှိနေသ၍ ကျွန်တော်ဘာမှမဖြစ်ပါဘူး"
"ကိုယ်မင်းကိုအရမ်းချစ်တယ် ရှိန်း ကိုယ်မင်းကို အထိခိုက်မခံနိုင်ဘူး"
"ကျွန်တော်သိပါတယ်"
"ခဏနေကျရင် ကိုယ်တို့ရေဆော့ကြမယ် အခုခဏအိပ်လိုက်ပါဦး"
"မအိပ်ချင်ပါဘူး"
"ဟုတ်ပါပြီဗျာ နာနေသေးလား"
"မနာပါဘူး ဘာလို့ အဲ့လောက် စိုးရိမ်းလွန်နေတာလဲ"
"ကိုယ့်ကောင်လေးကို စိုးရိမ်တာပဲကို ကိုယ်မင်းအတွက် teaလုပ်ပေးမယ် မင်းလက်တွေအေးနေတာပဲ"
YOU ARE READING
1759 {season 1}
Horrorပျက်သွားတဲ့ Storyရဲ့အဆုံးသတ်လေးကိို ဒီမှာဆက်တင်ပေးပါမယ်။ ဟိုဘက်ကဟာမပြီးသေးပဲ ပျက်သွားတာမို့တန်းလန်းဖြစ်နေမှာ စိုးလို့ပါ။🦋