Unicode
"ပြွတ်!"
အိပ်ပျော်နေသော သူ၏နှုတ်ခမ်းသို့ ဖွဖွလေးနမ်းရှိုက်ကာ ငေးကြည့်နေလျက် နှိုးသွားမည်စိုး၍ အသက်ပင်မရှုရဲသူက အနောက်သို့ဆုတ်မည်လုပ်လျှင် ဖြတ်ကနဲပွင့်လာသော မျက်လုံးတို့နှင့်အတူ
မျက်နှာလေးသို့ထိန်းကိုင်ကာ မြတ်မြတ်နိုးနိုးနမ်းရှိုက်လာလေသည်။"မင်းလေး ကိုယ့်ကိုအကြာကြီးခိုးကြည့်နေတာပဲ"
လန့်သွားသူက မျက်လုံးလေးများဝိုင်းစက်ကာ မျက်နှာလေးတစ်ခုလုံးနီရဲလျက်
"ဘာ. .ဘာလို့ အိပ်ချင်ယောင်ဆောင်နေတာလဲ ဟင့်"
ပါးသို့ နမ်းရှိုက်ကာ နှာခေါင်းလေးသို့ကိုက်လျက်
"ဒီမျက်နှာလေးက အဲ့လောက်အနီးကပ် ခိုးကြည့်နေပြီးတော့ ဒီနှာခေါင်းလေးကလေငွေ့တွေ ကိုယ့်ကိုလာလာဆွနေတာကို ကိုယ်ဘယ်လိုလုပ်အိပ်ပျော်နိုင်မှာလဲ"
"တောင်းပန်ပါတယ် ခင်ဗျားအိပ်နေတာကို နှောင့်ယှက်မိ အွန်း. .
နှုတ်ခမ်းသို့ဆွဲ၍ နမ်းရှိုက်ကာ
"ဒီနှုတ်ခမ်းလေးက ကိုယ့်ကိုလာနမ်းလိုက်တော့ ကိုယ်ဘယ်လောက်တောင် သေမတတ်ပျော်သွားလဲ မင်းသိလား မင်းကကိုယ့်ကိုနေ့ရက်တိုင်း အံ့သြစရာကောင်းအောင် အမြဲလုပ်ပေးတယ်"
လည်တိုင်တို့ကိုပါနမ်းရှိုက်ကာ ဖက်ထားသူကို
"ဗိုက်ဆာတယ်"မျက်နှာလေးတို့နီရဲကာ ပုန်းနေသူက ပြောလာလျှင်
ဝမ်းဗိုက်သို့ ငုံ့နမ်းကာ
"ဒီဗိုက်ကလေး ပူအောင်ထိ ကိုယ်ချက်ကျွေးမယ်"တစ်ကိုယ်လုံးပွေ့ချီကာ မီးဖိုချောင်သို့သွားလျက်ထိုင်ခုံပေါ်တွင်ထိုင်စေသည်။ နေရာစိမ်းဖြစ်သော်ငြား
အီသလစ်အတွက် အမြဲအဆင်သင့်ပြင်ထားပေးတတ်သူက ပြင်ထားပြီးသော ပုဇွန်နှင့်Bacon အသားများကို ထောပတ်ဖြင့်ကျွမ်းကျင်စွာကြော်နေလေသည်။ထို့နောက်ကြက်ဥ၂လုံးကို ဖောက်ကာ ခရမ်းချဥ်သီးဖြင့် မွှေကြော်ကြော်လျက် ပန်းကန်တစ်ခုတွင် လှလှလေးပြင်ဆင်နေလေသည်။
YOU ARE READING
1759 {season 1}
Horrorပျက်သွားတဲ့ Storyရဲ့အဆုံးသတ်လေးကိို ဒီမှာဆက်တင်ပေးပါမယ်။ ဟိုဘက်ကဟာမပြီးသေးပဲ ပျက်သွားတာမို့တန်းလန်းဖြစ်နေမှာ စိုးလို့ပါ။🦋