Unicode
သေနတ်သံနှင့် အတူ မျက်လုံး ပွင့်လာသူက မျက်လုံးလေးတို့ ဝိုင်းစက်နေသည်။လက်ဖမိုးမှ စ၍အကျီတို့တွင်သွေးတို့ စွန်းကာ လက်ဖမိုးတစ်ခုလုံး စုတ်ပြတ်နေသူကို မော့ကြည့်လျက်
". .ခတ္တဓ ဘာ. .ဘာတွေ ဖြစ်နေတာလဲ"
အီသလစ်ကို တစ်ကိုယ်လုံးဖက်ထားကာ ကာပေးထားသူက သေနတ်သံကြားသော်ငြား ကျည်လာမထိသောကြောင့် အီသလစ်ကို ကြည့်ကာ
"ရှိန်း! မင်း မင်းကိုထိသွားသေးလား""ဟင်! ကိုဆက်"
အီသလစ်အသံကြောင့် အနောက်သို့ လှည့်ကြည့်လျှင်
မာန်ဓတ္တ ပစ်လိုက်သော ကျည်ဆံကို ကိုဆက်မှဝင်ကာပေးလိုက်ခြင်းဖြစ်လေသည်။ ခြေထောက်တစ်ချောင်းရိုက်ချိုးခံထားရသည့် အပြင် တစ်ကိုယ်လုံးစုတ်ပြတ်သတ်နေသူက နှလုံးကိုထိသွားသော ကျည်ဆံကြောင့် ပါးစပ်မှ သွေးတို့စီးကျနေသည့်တိုင်
ခတ္တဓ လက်ထဲသို့ စားပွဲပေါ်မှ ဆွဲယူလာသော သေနတ်ကိုထည့်ပေးလျက်"ကျွန်တော် တာဝန်မကျေခဲ့လို့ တောင်းပန်ပါတယ်ဆရာ အစ်ကိုလေးကို ဆရာနဲ့ စိတ်ချခဲ့ပါ့မယ်နော်"
လဲသွားသူက ခတ္တဓနှင့် အီသလစ်ခြေဖမိုးတွင် မျက်နှာအပ်ကာ မျက်လုံးတို့ တစ်နေရာထဲတွင်စိုက်ကြည့်ကာ နောက်ဆုံးထွက်သက်ကို ရှုရှိုက်ရင်း အသက်ဆုံးရှုံးသွားခဲ့လေသည်။
"သစ္စာရှိတဲ့ခွေး နဲ့ သခင်တွေ ဇာတ်လမ်းခင်းနေကြပါလား "
ရပ်ကြည့်နေသူက ရယ်ကာ အီသလစ်ကို စိုက်ကြည့်နေလျှင် လက်ထဲရောက်လာသော သေနတ်ဖြင့် ချိန်နေသူက
"မာန် မင်းသူ့ကို မဟုတ်တာ လုပ်ဖို့ ဘာမှမစဥ်းစားနဲ့ ငါရှိနေသ၍ မင်းသူ့ကို ဘာမှ လုပ်လို့မရစေရဘူး"
"ဟုတ်လား ဒါမယ့် သူလေးကရော ငါသူ့သူငယ်ချင်းတွေကို သတ်လိုက်ရင် မင်းကို ခွင့်လွှတ်ပါ့မလား"
ထိုအခါမှ နောက်သို့လှည့်ကြည့်မိလျှင် ထိုကလေး ၃ယောက်၏ လည်ပင်းတွင် ဓားကိုယ်စီထောက်ထားကြသူများကရောက်နေလျက် ကျန်၄ယောက်က သေနတ်တို့ဖြင့် ဘေးတွင် ဝန်းရံထားလေသည်။
YOU ARE READING
1759 {season 1}
Horrorပျက်သွားတဲ့ Storyရဲ့အဆုံးသတ်လေးကိို ဒီမှာဆက်တင်ပေးပါမယ်။ ဟိုဘက်ကဟာမပြီးသေးပဲ ပျက်သွားတာမို့တန်းလန်းဖြစ်နေမှာ စိုးလို့ပါ။🦋