Unicode
ခတ္တဓ ရင်ခွင်ထဲရှိ မျက်လုံးဝိုင်းဝိုင်းလေးတို့က မော့ကြည့်ကာငြိမ်နေလျှင်"ကိုယ့်ကောင်လေး ဘာတွေတွေးနေတာတုန်း"
ပါးနုနုလေးကို ဖွဖွလေးနမ်းရှိုက်ရင်း နားသယ်မှဆံစလေးများ သပ်တင်ပေးနေသူ၏ လက်ကိုကိုင်လျက်
"ခင်ဗျား တကယ်ပဲ. . .ဆုံးဖြတ်ထားတာလား"
"ကိုယ့်ဘဝမှာ မင်းကိုလက်ထပ်ဖို့ ဆုံးဖြတ်ထားတာက အခိုင်မာဆုံးဆုံးဖြတ်ချက်ပဲ ရှိန်း မင်းကိုယ့်ကိုယုံပါ ဘယ်ဘဝရောက်ရောက် ကိုယ်မင်းကိုပဲ ရွေးချယ်မှာ"
ခတ္တဓ လက်တွင်မျက်နှာအပ်ကာ မျက်လုံးတို့မှိတ်ထားသူက ငိုမဲ့မဲ့လေးပြုံးနေလေသည်။
"ကိုယ်မင်းကအရမ်းချစ်တာ"
နဖူးသို့ဖွဖွလေးနမ်းရှိုက်ပြီးရင်ခွင်ထဲတိုး၍ဖက်ထားလိုက်လေသည်။
"ဆရာ~~~~"
"ဘာလဲကွာ အချိန်ကောင်းဆိုရောက်ရောက်လာပြီ"
"အကုန်အဆင်သင့်ဖြစ်ပါပြီ ဆရာ ဆရာတို့ဆင်းခဲ့လို့ရပါပြီ"
"အေး လာခဲ့မယ်လို့ပြောလိုက်"
တံခါးပြန်စေ့ကာ ကိုဆက်ထွက်သွားပြီးလျှင်
"ကိုယ်တို့ပြင်ဆင်ပြီး အဝတ်အစားလဲကြရအောင်နော် ကိုယ်မင်းကိုဝတ်ပေးရမလား"
"ဟင့်အင်း ကိုယ့်ဘာကိုယ်ဝတ်လိုက်မယ်"
"ဟုတ်ပါပြီ အကူအညီလိုရင် ကိုယ့်ကို လှမ်းခေါ်လိုက်နော်"
ဝတ်စုံအဖြူလေးကို ကမ်းပေးလျှင် မျက်နှာတို့နီရဲနေသူက ရှက်ကိုးရှက်ကန်းဖြင့် ယူကာ ရေချိုးခန်းထဲသို့ဝင်သွားလေသည်။
ထို့အတူ ရေချိုးခန်းအပြင်ရှိလူက ကိုယ်တိုင်းဖြင့်
ချုပ်ထားသော မိမိဝတ်စုံကိုယူကာ ဝတ်ဆင်လျက်
အနားသတ်ကော်လံအမဲ တို့ကိုသပ်ကာ နက်ကတိုင်အနဲရောင်ကိုစီးပြီးလျှင် ဝတ်စုံတစ်ခုလုံးအပြည့်ဝတ်ဆင်လိုက်လေသည်။အဖြူနှင့်အနက်ရောထားသော သတိုးသားလောင်း ဝတ်စုံက Fittingဖြစ်စွာနေရာယူထားပြီး အလွန်ခန့်ညားလွန်းသည့်အပြင်
ရေချိုးခန်းသို့လှမ်းလှမ်းကြည့်တိုင်း ပြုံးသွားသော
ကြွေရောင်လဲ့နေသည့်သွားများ စီတန်းစွာကြည့်ကောင်းလွန်းနေသည်။

YOU ARE READING
1759 {season 1}
Horrorပျက်သွားတဲ့ Storyရဲ့အဆုံးသတ်လေးကိို ဒီမှာဆက်တင်ပေးပါမယ်။ ဟိုဘက်ကဟာမပြီးသေးပဲ ပျက်သွားတာမို့တန်းလန်းဖြစ်နေမှာ စိုးလို့ပါ။🦋