Part 21

192 5 0
                                    

Unicode

ဆေးသောက်ထား၍ အီသလစ်ပေါင်ပေါ်တွင် မှိန်းနေသူကို ဆံပင်တို့ကို ပွတ်သပ်ပေးနေသူက ပြုံးကာ ပါးပြင်သို့ ငုံ့နမ်းလျှင်  လက်ကလေးကိုဆွဲကာ နမ်းရှိုက်နေသူက မျက်လုံးတို့ မဖွင့်သေး။

"အချစ်ရယ် ကိုယ်တစ်သက်လုံး မင်းနဲ့နေချင်တယ်"

"ကျွန်တော်ကလဲ တစ်သက်လုံး အစ်ကို့ဘေးမှာပဲနေမှာပါ"

မျက်လုံးမှိတ်ထားသူက ပြုံးနေရင်း အီသလစ်လက်လေးများကို ဆုပ်ကိုင်ကာ  အိပ်နေလေသည်။

အိပ်နေသူကိုပြုံးကာ ကြည့်နေသူက မျက်ရည်များဝဲလာလျက် သွားတို့ပေါ်အောင်ပြုံးမိလေသည်။
ပေါင်ပေါ်မှလူကို ခေါင်းကြွစေလျက် ခေါင်းအုံးခံပေးကာ ဘေးတွင်ဝင်လှဲလေသည်။

ခတ္တဓမှ ထိုကောင်လေးဘက်သို့ လှည့်လာကာ ရင်ခွင်ထဲဆွဲထည့်၍ဖက်ထားလေသည်။

"ကလေးယူကြမယ် မင်းနဲ့တူတဲ့ကလေးလေးတွေ. .အများကြီး. .

မျက်လုံးမပွင့်သော်ငြား အရက်မူးနေသကဲ့သို့ပြောနေသူ၏ စကားကြောင့်ရယ်နေသူက

"ဘယ်နှစ်ယောက်တောင်တုန်း"

အီသလစ်ကိုယ်လုံးလေးကို ပိုမိုဆွဲဖက်လျက်

"အများကြီး "

မျက်နှာလေးနီရဲလာသူက ခတ္တဓကို ပြန်ဖက်ထားကာ

"အင်း အများကြီးယူကြမယ်"

~~~~~~~~~~~~~~

ညနေစာ ချက်ပြုတ်နေသူက မီးဖိုထဲတွင် ချွေးစလေးတို့ဖြင့်လုံးပန်းကာ အိပ်နေသူအတွက် ဖွယ်ဖွယ်ရာရာပြင်ဆင်နေလေသည်။

ဟင်းအိုးကိုသာစိတ်ရောက်နေသူက အနောက်တွင်ရောက်လာသူကို သတိမထားမိပေ။

ခါးတွင်ရောက်ရှိလာသော လက်ကြောင့် လန့်ဖြန့်သွားကာ တစ်ကိုယ်လုံးတုန်တက်သွားသူက ပုခုံးပေါ်သို့မေးစေ့တင်ကာ မှီလာသူအား စိုးရိမ်တကြီးကြည့်ကာ

"အကိုနိုးပြီလား. .ဘာလို့ ဆင်းလာတာလဲ ခြေထောက်ကမသက်သာသေးဘဲနဲ့ "

အီသလစ်ကိုယ်လုံးလေးကို အနောက်မှ သိုင်းဖက်ကာ
ပုခုံးတွင်မျက်နှာအပ်ထားသူက ပုခုံးသားလေးကိုနမ်းရှိုက်ရင်း

1759 {season 1}Where stories live. Discover now