Unicode
အောက်ထပ်ရှိကုတင်ပေါ်တွင်ပြင်ဆင်ထားပြီးနောက်ဆင်းလာသူနှစ်ဦးကိုစောင့်နေသောဆရာဝန်ကအားဆေးDripကိုအသင့်ပြင်နေလေသည်။
အီသလစ်ကိုကုတင်ပေါ်တွင်အသာအယာချကာပက်လက်လှဲချစေသည်။
"သား ဗိုက်အောင့်နေလား"
"အင်း နည်းနည်း"
ခတ္တဓကိုလှည့်ကြည့်လျှင်ခေါင်းကုပ်နေသူက
"မနေ့ညက နှစ်ယောက်လုံး ဆေးတွေနဲ့မို့ . ."အကာအကွယ်သုံးသေးလားဆရာ"
"အေးသုံးတယ်"
သက်ပြင်းချကာအီသလစ်ကိုစစ်ဆေးပြီးနောက်
ခတ္တဓကိုမျက်စောင်းဖြင့်လှည့်ကြည့်လာသောဆရာဝန်က
"ဆရာ သူတော်တော်လေးယောင်နေတယ်"အီသလစ်ကိုအားနာဟန်ဖြင့်ကြည့်နေသူက
"ဟုတ်တယ် ကျုပ်ညကများသွားတယ်""နည်းနည်းပါးပါးငြင်သာပေးလို့မရဘူးလား
ကလေးကဒီဒဏ်ရာပဲထပ်ခါထပ်ခါဖြစ်ပြီးကြာရင်ဒဏ်ဖြစ်လာမှစိုးတယ်"ဆရာဝန်မှထပ်ပြောမယ်ကြံလျှင်
"ဆရာ ညကကျွန်တော် . .ကျွန်တော်ပေးခဲ့တာပါ"မျက်နှာတို့ရဲတက်လာသူကငိုမဲ့မဲ့ဖြင့်ပင်
"သားကဘာလို့ဒီလောက်ထိဖြစ်နေတာကိုမတားခဲ့တာလဲ။သားအခုလမ်းလျှောက်ဖို့အဆင်မပြေတော့ဘူးလေ"
ငိုတော့မည့်မျက်နှာဖြင့်ခေါင်းအုံးကိုဆွဲယူကာရင်ဘတ်ပေါ်တင်ထားလျက်
"မနေ့ကဟိုမိန်းကလေးပြောနေတာအဲ့ဆေးကသေနိုင်တယ်ဆိုလို့. . .ကျွန်တော်. . .ကျွန်တော်အကို့ကိုမသေစေချင်ဘူး"
"ဥိးနားလည်ပါပြီ ဦးတောင်းပန်ပါတယ်နော် ဦးကသားကိုစိတ်ပူလို့ပြောတာပါ ပြီးတော့ဆရာက ငြင်သာရင်တောင် သားအတွက်ကခက်ခဲနေမှာဦးသိတာမို့သားကို မေးတာပါ။ဦးလိုတဲ့ဆေးတွေပေးခဲ့မယ်နော်"
ခတ္တဓမှအီသလစ်အနားသို့ကပ်လာကာကုတင်စောင်းတွင်ထိုင်လျက်
"ကိုယ်တောင်းပန်ပါတယ်""ဆရာမမှားပါဘူး ဆရာဆေးခပ်ခံရမှန်းကျွန်တော်မသိလို့ပြောမိတာတောင်းပန်ပါတယ်"
YOU ARE READING
1759 {season 1}
Horrorပျက်သွားတဲ့ Storyရဲ့အဆုံးသတ်လေးကိို ဒီမှာဆက်တင်ပေးပါမယ်။ ဟိုဘက်ကဟာမပြီးသေးပဲ ပျက်သွားတာမို့တန်းလန်းဖြစ်နေမှာ စိုးလို့ပါ။🦋