Part 16

234 9 0
                                    

Unicode

"မင်းတကယ်ပဲ သူ့ကိုရွေးလိုက်တာပဲ မင်းသေရတော့မှာ မင်းမကြောက်ဘူးလား"

"သူ. .သူ ကျွန်တော့်ကြောင့်ထပ်နာကျင်ရမှာပိုကြောက်တယ်"

"ရှိန်းး! မင်း. .မင်းကွာ . . .ကိုယ်. .ကိုယ်မင်းမရှိပဲ အသက်မရှင်နိုင်ဘူး ရှိန်း "

"ဟင့်အင်း. .အစ်ကို ကောင်းကောင်းအသက်ရှင်ရမယ် ဒီဟာတွေရဲ့ အဝေးမှာ ပျော်ပျော်ကြီးနေရမယ် ခတ္တဓ ကျွန်တော့်ကို. .ကတိပေးပါ"

မျက်ရည်တို့စီးကျနေသူက ကြမ်းပြင်သို့လက်သီးဖြင့်ထိုးကာ ငိုနေလျှင် အနားသို့သွားရန်လုပ်နေသူကို လက်မှဆောင့်ဆွဲကာ

"ဘယ်လဲ အဲ့တာ!"

"ကျွန်တော်. .ကျွန်တော်သေရတော့မှာ သူ့ကိုနောက်ဆုံးတစ်ခေါက်လောက်တော့ဖက်ခွင့်ပေးပါ"

မျက်ရည်တို့ကျကာ တဆက်ဆက်တုန်ယင်နေသူက သရေတို့စီးကျရင်း မျက်နှာလေးတစ်ခုလုံးနီရဲနေကာသေရတော့မည်ဟူသော အတွေးဖြင့် ခတ္တဓ ဆီမှ အကြည့်တို့မခွာနိုင်ပဲ ရှိုက်ကြီးတငင်ငိုနေလေသည်။

"မင်းခတ္တဓကို အဲ့လောက်တောင်ချစ်လား"

"ချစ်တယ် ကျွန်တော်သူ့ကို သေလောက်အောင်ချစ်တာ ခင်ဗျားလက်ကိုလွှတ်ပေးပါ ကျွန်တော်သူ့ကိုဖက်ထားချင်တယ် ဟင့်. ."

"သေလောက်အောင် ချစ်တယ်တဲ့လား??"

အီသလစ်ကို လက်မှဆွဲကာ အစောင့်များသွင်းလာပေးသော ကုတင်ပေါ်သို့ ပစ်တင်လျက် အပေါ်မှအုပ်မိုးလိုက်လေသည်။

လက်တို့ဖြင့် ရုန်းကန်တွန်းထုတ်နေသူကို ချုပ်ထားလျက်

"မင်းကသူ့ကိုချစ်တယ်တဲ့လား ?"

"ဘာတွေ​ပြောနေတာလဲ လွှတ်. .ကျွန်တော် သေသွားရင်. .အာ့. .

လက်တို့ကိုလိမ်ကိုင်ကာ ဖိထားလျက်

"မင်းကို ကိုယ် ဒီလောက်နှစ်တွေအကြာကြီးချစ်ခဲ့တာ
မင်းကိုသေခိုင်းပါ့မလား အရုပ်ကလေးရဲ့"

"ဘာ. ဘာတွေ. .

"မင်းသောက်လိုက်တဲ့ဟာက စိတ်ကြွဆေး သက်သက်ပဲ"

1759 {season 1}Where stories live. Discover now