Unicode
ခတ္တဓရင်ဘတ်ပေါ်တွင်အိပ်မောကျနေပြီဖြစ်သူအနားသို့လာကာဆေးရည်ကုန်သွားပြီဖြစ်၍ဆေးပိုက်ကိုဖြုတ်ရန်ဖြေးဖြေးချင်းလှုပ်ရှားနေလေသည်။
အပ်ကိုအနည်းငယ်ဆွဲထုတ်လိုက်သည်နှင့်ဆတ်ကနဲနိုးလာသူကမျက်မှောင်ကြုံ့လျက်လက်ကိုလှမ်း
ကြည့်လေသည်။ဆေးပိုက်ဖြုတ်နေသောဆရာဝန်
ကိုတွေ့မှမျက်ခုံးတို့ပြေလျော့သွားကာငြိမ်ကျသွားလေသည်။အပ်ကိုဆွဲထုတ်ကာပလာစတာကပ်ပေးပြီးလျှင်
"သားဦးပြန်လိုက်ဦးမယ် တစ်ခုခုလိုရင်ဆရာ့ကိုဖုန်းဆက်ခိုင်းလိုက်နော် ဦးချက်ချင်းလာခဲ့မယ်""ကျေးဇူးပါဆရာ ဂရုစိုက်ပြန်ပါဦး"
ဆရာ့ကိုနှုတ်ဆက်ပြီးဒီဘက်ပြန်လှည့်ကြည့်လျှင်
အလိုမကျစွာကြည့်နေသူကိုတွေ့ရလေသည်။
"ရှိန်း အဲ့လောက်သူတို့ကိုကောင်းပေးစရာမလိုပါဘူး""ကိုယ့်ကိုဒီလောက်ငယ်ငယ်တည်းကဆေးကုပေးလာတဲ့ဆရာဝန်ကိုဒီလောက်တော့စကားကောင်းကောင်းပြောသင့်တာပေါ့"
"ကိုယ်သဝန်တိုတယ်"
လေးလေးနက်နက်စိုက်ကြည့်ပြီးပြောနေသောကြောင့်
ဆံပင်တို့သပ်ပေးကာ"ခင်ဗျားကတကယ်ကလေးလိုပဲ"
အီသလစ်ခါးမှသိုင်းဖက်ကာရင်ဘတ်တွင်မျက်နှာအပ်လိုက်သူက
"ကိုယ်မင်းကိုမချုပ်ချယ်ချင်ပါဘူး ဒါပေမယ့် ကိုယ်သဝန်တိုတာကိုလည်းထိန်းချုပ်လို့မရဘူး"
"ထိန်းချုပ်ထားစရာမလိုပါဘူး ခင်ဗျားကိုနားလည်ပါတယ် ဒီလောက်ပိုက်ဆံတွေအများကြီးပုံပေးပြီးဝယ်ထားတဲ့လူကို သဝန်တိုတာမဆန်းပါဘူး"
"ကိုယ်မင်းကိုယုံပါတယ် သူတို့ကိုမယုံတာ"
ခတ္တဓပါးသို့ကိုင်ကာမျက်နှာကိုမော့စေလျက်နဖူးသို့
ဖွဖွလေးနမ်းလိုက်လေသည်။"ကျွန်တော် အခုဘာမှမဖြစ်နေဘူးလေ စိတ်ပူတာလေးတစ်ခါလောက်ဖြစ်ဖြစ်လျော့ပါဦး"
အီသလစ်မျက်နှာလေးကိုမော့ကြည့်ကာမေးစေ့ဖျားလေးသို့ဖြတ်ကနဲလှမ်းနမ်းလျက်ရင်ခွင်ထဲထည့်ကာဖက်ထားလေသည်။
YOU ARE READING
1759 {season 1}
Horrorပျက်သွားတဲ့ Storyရဲ့အဆုံးသတ်လေးကိို ဒီမှာဆက်တင်ပေးပါမယ်။ ဟိုဘက်ကဟာမပြီးသေးပဲ ပျက်သွားတာမို့တန်းလန်းဖြစ်နေမှာ စိုးလို့ပါ။🦋