Unicode
နေရောင်ခြည်တို့မျက်နှာတွင် ခပ်နွေးနွေးကျနေသကဲ့သို့ ပြုံးလျက် နိုးလာသူက ရင်ခွင်ထဲရှိလူသားလေးအားဖက်လိုက်စဥ် မျက်လုံးတို့ပြူးသွားလေသည်။ မိမိဘေးရှိအိပ်ယာခင်းတွင် ကွက်လပ်တစ်ခုသာရှိပြီး ရင်ခွင်ထဲတွင်လဲ နှစ်ခြိုက်စွာ အိပ်ပျော်နေရမည့်ကောင်လေးအစား စောင်တို့သာ နေရာယူထားသဖြင့် မျက်ခုံးတို့တွန့်ချိုးကာ
"ရှိန်း!. .မဖြစ်ရဘူး. .ရှိန်း. .! ဟင်! . .
"ဘယ်လိုဖြစ်လို့ ဇွတ်အော်နေတာတုန်း"
ဒဏ်ရာရထားသော ခြေထောက်တို့ကို မရရအောင်ရွေ့လျက် ကုတင်ပေါ်မှဆင်းရန်ပြင်နေသူက မျက်ရည်တို့ပါ ဝဲချင်နေသည်။
ထမင်းကြော်တစ်ပွဲကို ပုဇွန်ကြော်နှင့် ကြက်ဥကြော်
တစ်ဝက်စီထည့်လာပေးလျက် လက်တစ်ဖက်မှ
လိမ္မော်ရည်တစ်ခွက် ကိုင်ပြီးဝင်လာသူက"ပြန်လှဲနေ ကလေးကျနေတာပဲ"
မျက်ရည်တို့ဝဲနေသူက ထိုလူသားလေးကိုတွေ့မှ ပြုံးနိုင်ကာ Bath robeကိုသာ ဝတ်ဆင်ရင်းလျှောက်လာသူကိုငေးကြည့်နေသည်။
"မင်းကိုယ့်အတွက် မနက်စာလုပ်လာပေးတာပဲ ကိုယ်အိမ်မက်များမက်နေတာလား ကိုယ်ပျော်လွန်းလို့သေတော့မယ်"
"မသေသေးနဲ့ဦး မနက်စာစားရဦးမယ်"
ရယ်ကာ ခတ္တဓရှိရာသို့ လျှောက်လာသူကို အနားသို့ရောက်လျှင် ခါးသို့ဆွဲဖက်ထားလျက်
"ကိုယ်မင်းကို ပျောက်သွားမှာ အရမ်းကြောက်တာပဲ"
လက်တစ်ဖက်မှ လိမ္မော်ရည်ခွက်ကိုဘေးခုံသို့ချကာ ခတ္တဓ ဆံပင်တို့ကိုသပ်တင်ပေးလျက် ငုံ့ကာ နဖူးသို့နမ်းရှိုက်ရင်း ဘေးတွင် ဝင်ထိုင်လေသည်။
"ကျွန်တော်ဘယ်မှမသွားပါဘူး ကျွန်တော်အကို့နားမှာပဲနေမှာ. .အွန်း. .
နှုတ်ခမ်းတို့ကို ဖိကပ်နမ်းရှိုက်လာသူကို လက်သွယ်သွယ်လေးတို့က ပါးပြင်သို့ကိုင်ကာ တုန့်ပြန်နမ်းရှိုက်နေလေသည်။မျက်ရည်တို့ဝဲနေသူက မျက်ရည်စီးကျလာလျှင် လက်ချောင်းလေးတို့ဖြင့်ဖိသုတ်ပေးကာ ရယ်လျက်

YOU ARE READING
1759 {season 1}
Terrorပျက်သွားတဲ့ Storyရဲ့အဆုံးသတ်လေးကိို ဒီမှာဆက်တင်ပေးပါမယ်။ ဟိုဘက်ကဟာမပြီးသေးပဲ ပျက်သွားတာမို့တန်းလန်းဖြစ်နေမှာ စိုးလို့ပါ။🦋