တောသူမလေးလည်း ချစ်တတ်ပြီ
အပိုင်း ၁''ဖြန်း''
''အို ရှင် မတရားမလုပ်နဲ့''
''လုပ်တယ်ကွာ ဘာဖြစ်လဲ ကွာ မင်း
ဘာသဘော အဲ့တာ ဘာသဘောလဲ
ပြောလေကွာ''''ဒီမှာ သက်ဦးစေ ရှင့်ကို လှရွယ်
အခုလည်း ချစ်မှာမဟုတ်သလို
နောင်လည်း ချစ်လာမှာ မဟုတ်ဘူး
ရှင် ကျွန်မပါး ရိုက်တယ်နော်
ရှင်လို ယောက်ျားမျိုးကို သိပ်ရွံတယ်''''မဟုတ် မဟုတ်ဘူးလေ လှရွယ် ဟာကွာ''
သက်ဦးစေ လက်လွန်သွားလေပြီ။
ဘာလုပ်ရမယ်မသိ။ မာန်ထိန်းလို့
လိုက်မသွားမိပေမဲ့ ပူလောင်လာတဲ့ရင်ထဲ
က အချစ်ရှိန်ကြောင့် ကားနဲ့အစောတလျင်
မောင်းထွက်မိခဲ့သည်။ဒါကြောင့်လည်း......
''တီ...တီ....တီ....''
လေဟာနယ်မှာ လွင့်စင်သွားတဲ့ ကားတစ်စင်း။
***
''မင်္ဂလာပါ မိန်းကလေး''
''ရှင်... ကျွန်မကို ခေါ်တာလား ဦးလေး
အို ချောလိုက်တာ''''အဟင်း ဟို ကံ့ကော်ဆောင်က ဘယ်ဘက်လဲကွဲ့''
''ကံ့ကော်ဆောင်လား ဒီတည့်တည့်သွားလိုက်ရှင့်
ရှေ့နားမှာ လမ်းဆုံလမ်းခွရှိတယ် အဆောင်က
လမ်းဆုံရဲ့ ဘေးမှာ လမ်းဆုံရောက်တာနဲ့ ကြည့်
လိုက်ပါရှင့် ဘေးဘက်မှာပဲ ဦး''''ကျေးဇူးတင်ပါတယ်ခင်ဗျ ''
''အဟီး ရပါတယ်ရှင့်''
တက္ကသိုလ် ကျောင်းသူတစ်ဦးကို မေးမြန်းပြီး
ဦးနေခန့်ထည် ကားကို ဆက်မောင်းလာလိုက်
သည်။ အဆောင်ကိုတွေ့ပေမဲ့ ထပ်ဆင့် မေးမြန်း
အကူအညီတောင်းရသေးသည်။မကြာသောအချိန်မှာ လှရွယ်ကို တွေ့ရတော့မည်။
လှရွယ်အခုချိန်ဆို အတော် စိုးရိမ်ပူပန်နေမလား။''အို ရှင် ရှင် ပြန်ပါ''
''လှရွယ် အချိန်ရရင် ဦးလေးနဲ့ စကားပြောဖို့
ခဏလောက် လိုက်ခဲ့စေချင်ပါတယ်''''ဘာလဲ ဘာကြောင့်လဲ''
''လူအများကြည့်နေတယ်ကွယ် နော်''