✨ep 6

18 1 0
                                    

အပိုင်း ၆
[တောသူမလေးလည်း ချစ်တတ်ပြီ]

အနမ်းတွေက ချိုစိမ့်နေသည်။
ဒါပေမဲ့ လို့။

''ဘာဖြစ်ရပြန်တာတုန်းကွာ''

''ဦး မူးချင်ယောင်ဆောင်နေတယ်နော်''

''ဒီလိုလုပ်ရင် ရမလားလို့ပါ''

''လှရွယ် ဦးကို ချစ်လည်း ချစ်တယ်
ဒါပေမဲ့ ကြောက်တယ်''

''ဟို လှရွယ်ရာ ဦး တကယ်လက်ထပ်မှာပါ''

''ဟင့်အင်း လွှတ်ပါ''

''လှရွယ်''

   ရင်ခွင်ထဲက ရုန်းထလိုက်သည်။ အကြံအစည်
ပျက်သွားတော့ ဂနာမငြိမ်လေသူ။ ခုတင်ပေါ်က
ထလို့ လေညင်းခံဖို့ ထွက်လာမိတော့ အနောက်က
ထလိုက်လာသူ။

'' မအေးဘူးလား လှရွယ် လေစိမ်းတိုက်တယ်''

''ဦး ရင်ခွင်ကြောင့် နွေးနေတာပဲလေ
ဟိုလေ လှရွယ် ဒီစကားကို ပြောရင်ကောင်းမလား''

''ပြောလေကွယ် ဘာများလဲ''

''လှရွယ် အစ်ကိုကြီးနဲ့ ပြန်အဆင်ပြေချင်တယ်''

''ဆိုလိုတာက ဦးကို ကူညီပေးစေချင်တာလား''

''လှရွယ်က အဖေပစ်တာခံရတဲ့ သမီးတစ်ယောက်ပါ
အမေဟာ ပတ်ဝန်းကျင်ကိုကြောက်တာနဲ့ အဒေါ်အဖြစ်
ယောင်ဆောင်ခဲ့တယ် ၊ အစ်ကိုကြီးဟာ လှရွယ်ရဲ့
တစ်ဝမ်းကွဲအစ်ကိုတော်သူပါ၊ ပြီးတော့ အစ်ကိုအရင်း
မခြား လှရွယ်ကို စောင့်ရှောက်ခဲ့တဲ့သူ''

''ဦးအတွက် ကူညီပေးဖို့က အဆင်ပြေပါတယ်
ဒါပေမဲ့လည်း ''

''ဒီည အတူတူ အိပ်ပေးပါမယ်''

''ဟေ''

''ဦးလိုချင်တာ ဒါပဲမလား''

''မဟုတ်ဘူးလို့လည်း ငြင်းလို့မရပေမဲ့
ဦး လှရွယ်ကို အပျော်ကြံချင်တာ မဟုတ်ပါဘူး''

''ညဥ့်နက်တော့မယ် လှရွယ်တို့ အကာအကွယ်
သုံးပြီး ဒီညကို ဖြတ်သန်းမယ် ပြီးရင်တော့''

''ပြီးရင် ဘာဖြစ်မှာလဲ ဆက်ပြောလေ''

ရင်ထဲ ရှိနေတဲ့ စကားကို တန်းမပြောချင်။
ဦးနေခန့်ထည် နှုတ်ခမ်းကို အလျင်တစ်ခုနဲ့
ပွေ့ဖက်စုပ်နမ်းလိုက်သည်။ ခြေဖျားလေး
ထောက်နမ်းမိတော့ ယိုင်သွားတိုင်း ပွေ့ဖက်
ထိးန်းပေးတတ်တဲ့ ဒီယောက်ျားဟာလည်း
ဒီပုတ်ထဲက ဒီပဲသာ ဖြစ်လိမ့်မည်။

တောသူမလေးလည်းချစ်တတ်ပြီWhere stories live. Discover now