အပိုင်း ၁၃
[တောသူမလေးလည်း ချစ်တတ်ပြီ]ညက လှသည်။ အချစ်ဦးကြောင့် ကြည်နူးစိတ်နဲ့
အိပ်ရာခုတင်ထက် အသာလဲချလို့ အိပ်မိခဲ့သည်။
အရုဏ်ဦးအလှကိုတောင် မျက်ကွယ်ပြုလို့ အိပ်မော
ကျသွားတဲ့ နေလင်းရှိန်ရဲ့ အဖြစ်သနစ်။ဒါကြောင့်လည်း နိုးလာတာနဲ့
ရာဇဝတ်အိုး တုတ်နဲ့ထိုးမိသလိုလို အဖြစ်က.....'' ဘာပြောလိုက်တယ် အမုံ ''
''ဟုတ်တယ် ညက ရှင်အိပ်ပျော်သွားတော့
ရှင်နဲ့ အတူတူ ပါလာတဲ့ မိန်းကလေး နိုးလာတယ်''''အဲ့ဒီတော့''
''သူ့ကို အမုံ ကိုလေးရှိန်နဲ့ သိတာကစလို့
လှရွယ်အကြောင်း ပြောဖြစ်သွားတယ်''''လှရွယ် ဟုတ်လား''
''အင်း အစကတော့ သူ ပျင်းနေမှာစိုးတာနဲ့
ပြီးတော့ ကြောက်နေမယ်ထင်လို့''''ဘာကို ကြောက်ရမှာလဲ''
''အော် ခိုးရာလိုက်လာတဲ့သူလေ ဒီလိုတွေးမိတော့
အဖော်အဖြစ် စကားပြောရင်းက အစောက လှရွယ်
အကြောင်းပြောရင်း သူက စိတ်ဝင်စားလာတယ်''''မဟုတ်မှ သက်ဦးစေအကြောင်းကော ပြောမိသေး
လား ၊သုံးပွင့်ဆိုင်ဇာတ်လမ်း''''အင်း ပြီးတော့ လှရွယ်တော်ကြောင်းမော်ကြောင်းပါ
သူမေးတာနဲ့ အတိတ်ကို လွမ်းပြီးဖြေမိလိုက်တယ်''''ဦးနေခန့်ထည်အကြောင်းကရော''
''သူက အဲ့ဒီလူကို သိတယ်တဲ့ သူ့ကောင်မလေးအကြောင်း အစ်မသိရင် ပြောပြပါဆိုတော့ ပြော
မိလိုက်တယ်''''သွားပြီ''
''ဘာဖြစ်လို့လဲ ကိုလေးရှိန်''
''ဟို လိပ်စာကော ပေးလိုက်သေးလား''
''လိပ်စာက ကိုလေးရှိန် ညကပြောပြလို့
သိတာလေး ပြောလိုက်တယ်''''ပြောမိတာကိုက ငါ့အမှား''
ညက ညဥ့်နက်မှ အိပ်ဖြစ်တဲ့အကျိုးကျေးဇူး။
ချစ်စကားထက် အလွမ်းပြေပြောကြရင်း
ညီမလေးကိုတောင် အမုံ ဖုန်းနဲ့ ဖုန်းပြောမိသည်။အခုဆိုရင် မဟုတ်မှလွဲရော။
အိုလေလေ ရှုပ်ကုန်တော့မှာပဲ။