✨ep3

39 0 0
                                    

အပိုင်း ၃
[တောသူမလေးလည်း ချစ်တတ်ပြီ]

နှစ်တချို့ ပြောင်းလဲခဲ့ပြီးချိန်။

'' အမုံ ''

''ရှင် ကိုလေးရှိန်''

''ကိုလေးအမေနဲ့ အမုံ အမေတို့
ရင်းနှီးကြတာ သိသလား''

''သိတာပေါ့လို့''

''အမုံ ကိုလေးကို ကြီးရင် လက်ထပ်မှာလား''

''ဒါပေါ့ ဘာလဲ ကိုလေးရှိန်က အမုံကို
လက်မထပ်ချင်လို့လား''

''မဟုတ်ပါဘူး အမုံရယ် ဒီနှစ်ဆယ်တန်း
အောင်သွားရင် အမုံက ကျန်ခဲ့ရမှာလေ''

''ဘာဖြစ်လဲ ကိုလေးရှိန်ရယ် စိတ်ချ မုံက
ကိုလေးရှိန်တစ်ယောက်ကိုပဲ ချစ်သွားမှာ''

''နှစ်တွေကလည်း မြန်လိုက်တာ ချစ်သူဖြစ်တာ
တောင် အတော်ကြာလာပြီ ပြီးတော့လေ အမုံ
အားနာပေမဲ့ ဟိုလေ''

''ပြောပါ ကိုလေးရှိန်''

''တခြားမဟုတ်ပါဘူး လှရွယ်ကို
ဂရုစိုက်ပေးပါလို့ အမုံသိတဲ့အတိုင်း
အငယ်ကောင် နေလင်းပိုင်က လှရွယ်အပေါ်ဆို
ဗိုလ်ကျလွန်းတယ်လေ''

''စိတ်ချပါ မုံ သွားတော့မယ်နော်
ကိုလေးရှိန် စာကျက်ပျက်တော့မယ်
ညကြ ဗိုက်ဆာရင်ပြော မုန့်လာပို့မယ်''

''အို နေပါစေကွာ''

''အိမ်ချင်းနီးတာပဲဟာ ရပါတယ်''

''အင်း''

    မုံမုံနွယ်က လှသည်။ ယဥ်ကျေးသည်။
အမူအရာ သိမ်မွေ့သည်။ ဒါပေမဲ့ သူချစ်တဲ့
သူအတွက်ဆို ကြမ်းသင့်ရင် ကြမ်းသလို
ရမ်းသင့်ရင် ရမ်းတတ်သူ။

''သား''

''အဖေ ဟုတ်''

''ဗိုက်ဆာနေပြီလား ဖေ့သားကြီး
ခွင့်လွှတ်ကွာ အဖေလည်း နွားကျောင်းပြန်
နောက်ကျနေတာနဲ့ ထမင်းထုပ်ပို့တာ
နောက်ကျ''

''ရပါတယ်အဖေရာ အမေကော နေကောင်းရဲ့လား ''

''ကောင်းပါ့ ကောင်းပါ့''

''ဒါနဲ့လေ ဟို အဖေ့ကို သားတိုးတိုးလေး
ပြောစရာရှိတယ် အဖေ''

''ပြောလေ သားရဲ့''

''ဒေါ်လေးတို့ ဒီရွာက ထွက်သွားတော့မယ်ဆို''

တောသူမလေးလည်းချစ်တတ်ပြီWhere stories live. Discover now