အပိုင်း ၄
[တောသူမလေးလည်း ချစ်တတ်ပြီ]နွေရာသီကျောင်းပိတ်ချိန်။
''အန်တီက နင့်ပြောနေတယ် လှရွယ်''
''ဟင် ဘာတဲ့လဲ ငါ ဝယ်သူတွေကို ချိုချိုသာသာ
ဆက်ဆံပါတယ်၊ မရိုင်းပါဘူးဟာ''''အို နင်ကလည်း နင်ပြောချင်တာ အတင်းပြော
ငါပြောမှာက နင့်ကို အန်တီက ချီးကျူးလိုက်တာ
ပြောမလို့''''တော်ပါသေးရဲ့''
''နင်လာတဲ့နောက်ပိုင်း ဆိုင်က ရောင်းအား
သိပ်ကောင်းလာတယ်တဲ့လေ''''အဟင်း အဲ့လိုလည်း မဟုတ်ရပါဘူး''
''မဟုတ်နေ ဟယ် အမလေးတော့....''
''တီတီ....''
ဆိုင်ရှေ့မှာ ဖြစ်ပျက်သွားတဲ့ မတော်တဆ
ယာဥ်တိုက်မှု ။ ထိမိခိုက်မိရုံမို့ တော်ပါသေးရဲ့။''အို မသွားနဲ့လေ လှရွယ် လှရွယ် ခက်တော့တာပဲ''
လှရွယ် လူတစ်ဦးကို ပြေးထူမသည်။ လှုပ်နိူး
လိုက်တော့ သတိလည်လာသူ။ ကျောပြင်တော့
စုတ်ပြတ်သွားတယ်မဆိုသာပဲ အပွန်းအပဲ့ရာမရှိ။
ကျောကအဝတ်တော့ စုတ်ပြဲကုန်သည်။'' ဟယ် နင်ဘာလုပ်နေတာလဲ''
''ငါသိတဲ့လူမို့လို့''
''အို ခက်ပါပြီ''
ဒီလူကြီးကို သိသည်။ လူကြီးပုံစံက ရှက်နေတဲ့ပုံ။
အစက ရပ်ကြည့်နေရာက နဖူးက သွေးစီးကျလာ
တာကို အဦးဆုံး တွေ့လိုက်ရသည်။ ဆိုင်ကယ်ဦးထုပ်
ကို ချွတ်လိုက်ချိန် ပိုလို့ သေချာသွားသည်။''ရရဲ့လား ဦးလေး ဒါလေး ခြုံလိုက်နော်''
''ကျေး ကျေးဇူး အား ကျွတ် ကျွတ်''
''အို''
လူပုံအလယ် သိုင်းဖက်ခံလိုက်ရသည်။ မတိုမရှည်
ဆံပင်လေး လှုပ်ခါရင်း ဖွံ့ဖြိုးစ ရင်ခုန်သံတွေက
ရင်ထဲ ခုန်ပေါက်နေလေသည်။ အတိအကျဆိုရင်
အပျော်တစ်ခုလို့ သတ်မှတ်ရလေမလား။ရေလည်း ခပ်တိုက်မိသည်။ ဒီအထိ လူကို
ကျေးဇူးတင်သလိုသာ ကြည့်လေသူ။ ဆိုင်ကယ်
နည်းနည်း ပျက်စီးသွားပေမဲ့ သိပ်မမှားတာကို
တောင် တစ်ဖက်က ထိခိုက်သူကို ငွေပေးနေလေသူ။