အပိုင်း ၁၁
[တောသူမလေးလည်း ချစ်တတ်ပြီ]''ချစ်တင် မင်း သောက်မှာလား''
''မသောက်ပါဘူးကွာ သောက်ရင် အစ်မတို့
ငါ့ လည်မျို နင်းသတ်မှာပေါ့ဟ''''ဟေ့ကောင် မအေပေးလေး ပွဲက လတိုင်း
ရှိတာမဟုတ်ဘူး လာ သောက်မယ်''''မသောက်ချင်ဘူးဆိုကွာ''
ဒီကောင်တွေနဲ့ ဖက်ပြိုင်ငြင်းလို့ ကောင်းမှာ
မဟုတ်။ ဒီတော့ ဒီကောင်တွေ အလစ်မှာ
သိုက်နန်းအရှေ့က မျှော်စင်ပေါ် ပြေးတက်ခဲ့
သည်။ မနိမ့်မမြင့်အနေအထားနဲ့ ရှုခင်းတွေကို
မြင်ရမှ ရင်အေးရသည်။ချစ်တင်ဆိုတာ ဇာတ်ရူးနတ်ရူး။ ဆိုင်းသံဗုံသံ
ကြားရင်ကို ဒူးက နန့်တန့်တန့်။''မူးတယ် မူးတယ် သိလား
မတက်ချင်ပါဘူးဆိုနေမှ''''နင်ကလည်း လာပါ''
မိန်းကလေးတစ်စု ဖြစ်လိမ့်မည်။ ပွဲက
ဇာတ်သီချင်းဖွင့်တော့ မေးထိုး ဒွန့်နေ
တုန်း ကိုယ်ရှိန်တန့်လိုက်ရသည်။ကိုယ်ဒွန့်တာ နန့်တာ မိန်းကလေးတစ်စု
မြင်သွားပြီထင်တာနဲ့ တစ်ကျိုးတည်း
ဆင်းပြေးခဲ့သည်။ကံကောင်းတာလား ဆိုးသလား မပြောတတ်။
လှေကားထစ်ပေါ် လေးလံစွာ တက်လာသူ
မိန်းကလေးနဲ့ ချစ်တင် ပြေးအဆင်း ဝင်တိုက်
တော့ ဆွဲမိဆွဲရာ ဆွဲမိသည်။ဒါပေမဲ့ ဆွဲတာမဟုတ်။ တုန်ရီလန့်နေသူကို
ယောင်ပြီးပွေ့ပါ ဖက်ထားမိသည်။ အံမယ်
အရှိန်နဲ့ ရင်ခွင်ထဲ ဆွဲလို့ ထိန်းကာ အဖက်
ချစ်တင်နှာသီးဝက မိန်းမလှ ပါးဖောင်းဖောင်း
အထက် အလည်တစ်ခေါက် အရောက်သွား
ခဲ့သေး။''လွှတ်ပါရှင်''
''ကျုပ် ကျုပ် တမင် မရည် ရွယ်ပါ ပါဘူးဗျာ''
''အင်းလို့ဆိုနေ ရှင်နော် ဖက်ထားတာ ကြာနေပြီ''
''ဟာ ဟာ ဟုတ်ပါ့ဗျာ လွှတ် လွှတ်ပြီနော်''
''အမလေး''
''ဟာ ဟေး''
ဒီတစ်ခါတော့ ကောင်မလေးဘက်က ဖက်သည်။
ကြောက်ကြောက်နဲ့လား မကြောက်တကြောက်လား
မပြောတတ်တော့။ ချစ်တင်ရင်တွေ သိပ်သိပ်ခုန်တာပဲသိသည်။