အပိုင်း ၇
[တောသူမလေးလည်း ချစ်တတ်ပြီ]လက်ထပ်ပွဲတစ်ခု။
ပိုပိုသာသာပြောရရင် ပျော်မြူးနေတဲ့
သတို့သားရယ်၊ အလွမ်းမျက်နှာနဲ့ သတို့သမီးရယ်
ပြီးတော့ စည်ကားနေတဲ့ လူကုံထံအသိုင်းအဝိုင်းက
လူတချို့ရယ်။''နေမကောင်းဘူးလား လှရွယ် နင်ကလည်းဟာ
ငါ ရည်းစားများခဲ့တာမှန်ပေမဲ့ ငါ လုပ်ရဲရင် ခံရဲတဲ့
သတ္တိရှိတဲ့လူပါ၊ ပြီးရင် ငါ နင့်ကို သိပ်ချစ်တယ်''အထိအတွေ့က သိမ်မွေ့သည်။ နားထဲ ဆူဆူညံညံ
အသံတွေကိုလည်း ကြားသည်။''ဦး ဦး....''
သက်ဦးစေလက်ကနေ ရုန်းထွက်လို့ အဝေး
တစ်နေရာဆီ ထွက်သွားနေတဲ့ ဦး အနောက်ပြေး
လိုက်ပေမဲ့ လိုက်လေလေ ဝေးလေလေ။''ဂျိမ်း ဂျလိမ်း''
''အမေ့''
လန့်နိုးမိသည်။ ဒါဟာ အိပ်မက်တစ်ခု။
ဦးကို စွဲလန်း လွမ်းဆွတ်ပြီး မက်တဲ့
အိပ်မက်တစ်ခု။ ဒါပေမဲ့ တချို့အိပ်မက်တွေ
က အမှန်တကယ်ဖြစ်တတ်တယ်မလား။သန်းခေါင်ယံလောက်မှာ မက်တဲ့ အိပ်မက်ဆိုတော့
၂နှစ်အတွင်း အကျိုးအပြစ်ပေးနိုင်တယ်မလား။
လှရွယ် ဟိုစပ်စပ် ဒီစပ်စပ် တွေးကြံမိရင်း ဖုန်းထဲက
အိပ်မက်တစ်ထောင် Appကို နှိပ်ရှာကြည့်နေမိသည်။အစ်ကိုကြီး ပြန်သွားပြီးနောက် မက်တဲ့ ဒီ
အိပ်မက်ဆန်းက လူကို ခြောက်လန့်သည်။ စိတ်တို့
ပူပန်လာမိသည်။ စာမေးပွဲလည်း ပြီးတော့မည်။စိတ်ကို ချုပ်တည်းလိုက်သည်။ ခေါင်းအုံးလေး
ပေါ် ခေါင်းချလိုက်သည်။ အိပ်ပျော်အောင် အိပ်
ချင်ပေမဲ့ သတိရတာထက် ပိုလာသည်။ဖုန်းနံပတ်တစ်ခုကို နှိပ်ရမလိုလို အကြိမ်ကြိမ်
လုပ်နေမိသည်။ ဒါပေမဲ့လည်း....''ဟင်''
''ဟဲလို ဖုန်းကိုင်တာ မအိပ်သေးဘူးလား လှရွယ်
တစ်ရေးနိူးတာလား''''ဟင့်အင်း အိပ်မက်ဆိုးက လန့်နိုးလာတာ''
''ဦးကို သတိတောင် မရဘူးလားကွာ
ဦးကတော့ လှရွယ်ကို လွမ်းတယ် အခုတောင်
မနေနိုင်လို့ ဖုန်းဆက်လိုက်တာ''