အပိုင်း ၁၀
[တောသူမလေးလည်း ချစ်တတ်ပြီ]နှစ်တချို့ ကြာလွန်ခဲ့တဲ့နောက်။
လှရွယ် တာဝန်ကျတဲ့ ရွာကလေးနာမည်က
ရွာညိုတဲ့။ တောသူတောင်သားတွေ ဖြစ်သလို
ဆရာကို ဆရာလို တလေးတစား ရှိကြသည်။ကျောင်းအုပ်ကြီးကလည်း လှရွယ် တာဝန်ကျတဲ့
ကျောင်းမှာ အသစ်ပြောင်းလာသူ။ ငယ်သလို
သဘောမနောလည်း ပြည့်ပါသည်။လှရွယ် ဘဝမှာ ဦးနဲ့ မဆုံစည်းရတော့တာကလွဲ
အရာရာဟာ တောင့်တသမျှထက် ပိုပြည့်စုံနေခဲ့
တာ အမှန်။''အဆင်ပြေရဲ့လား ညီမလေးရာ''
''အစ်ကိုကြီးကော သတင်းရမိလား''
''ကျားကြောက်လို့ ရှင်ကြီးခိုးမှ ငါ့မယ်
ရှင်ကြီး ကျားထက်ဆိုး ဖြစ်တော့မယ်
အတိုက်အခိုက် ပညာသင်ရတာ လူလည်း
သေချင်စော်နံနေပြီ သတင်းတချို့ကလည်း
မှန်သလားကို ငါ့မယ် မဝေခွဲတတ်တော့ဘူး''''ဘာလို့တုန်းတော် လှရွယ်ကို ပြောပြ''
''ဘာရမှာလဲ ငါ လိုက်လံစုံစမ်းနေတာ
ခြေရာခံမိသလောက်နဲ့ ကြားသလောက်ဆို
ဦးနေခန့်ထည် ဇာတ်မြှုပ်နေတာဖြစ်လိမ့်မယ်ဟ''''ဒါဆို ဦးရဲ့ ပိုင်ဆိုင်သမျှကရော''
''ဟိုကောင် သက်ဦးစေ လက်ထဲမှာပေါ့
ငါသိသလောက်တော့ သူ့မိဘတွေကို သတ်တာ
ဦးနေခန့်ထည် ဖြစ်ဖို့များတယ်လေ
သက်သက်ကလဲ့စားချေတာ အတိတ်များ
မေ့တာလား ဒါမှ မဟုတ်ကျေးဇူးကန်းတာလား''''အတိတ်မေ့တယ် ပြောရအောင်လည်း
တကယ်တမ်းဆို သက်ဦးစေ ညီမလေးကို
တကယ်မချစ်ဘူးလေ သူ ကျေးဇူးကန်းတာပဲ
ဖြစ်မယ်''''နင်ထင်သလား ငါ ရွာဘက် ပြန်တော့
သတင်းတစ်ခုရသေးတယ်''''ဘာများလဲ''
''ရွာက ငါတို့ရောင်းခဲ့တဲ့ ခြံကို လူမိုက်လိုလို
အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့လူတွေ
လာတယ်တဲ့''''ဝယ်သွားတာလား''
''ဝယ်ပေမဲ့ မရောင်းတာတဲ့''
''အင်းပါ နယ်ဝေးကို ကျတာ ကံကောင်းတယ်
ပြောရမလား ၊ ညီမလေး သက်ဦးစေနဲ့
ဆုံရမှာ အသက်ရူကြပ်တယ်''