အပိုင်း ၈
[တောသူမလေးလည်း ချစ်တတ်ပြီ]''ဟင်''
လှရွယ် လန့်သွားတာအမှန်။ ရင်တောင်
ဆောင့်ခုန်တက်သည်။တခြားမဟုတ်။
အိပ်ရာပေါ် ပက်လက်အနေအထား အိပ်နေသူ။
ဗိုက်ပေါ် လက်နှစ်ဖက်တင်လို့ ကော့စင်းနေတဲ့
မျက်တောင် ၊ ထင်းနေတဲ့ နှာတံ၊ စွဲမက်စရာကောင်း
တဲ့ နှုတ်ခမ်းနဲ့ ဦးနေခန့်ထည်။တံခါးကို စေ့ပိတ်ပြီး ဦး အနား လှရွယ်သွားသည်။
အနားရောက်တော့ ဦး နဖူးပေါ်က ဆံစတချို့ကို ဖယ်
ပေးရင်း ရင်ထဲက လှုပ်လှုပ်ရွရွ ခုန်မြည်သံတချို့
ကြောင့်......၊ဦး စေ့ပိတ်ထားတဲ့ ဦးရဲ့ နှုတ်ခမ်းလေးက
အပေါ်နှုတ်ခမ်းလေးကို လက်ညှိုးလေးနဲ့ တို့
မိသည်။ ငြိမ်သက်စွာ အိပ်ပျော်နေတဲ့ ဦး။
ဟောက်သံဝေးစွ အသက်ရှုသံက ရင်ခုန်ဖို့
ကောင်းတာထက် ပိုနေလေတော့....။နမ်းလိုက်သည်။ မထိန်းနိုင်တော့တဲ့ ရက်များ
ရှည်ကြာ အလွမ်းအရှိန်ကြောင့် ဦး နှုတ်ခမ်းကို
မထိတထိ ဖွဖွလေး နမ်းလိုက်သည်။ဒါပေမဲ့ မဝ။ ဦး အပေါ်နှုတ်ခမ်းလေးကို
လှရွယ် နှုတ်ခမ်း ဖူးဖူးလေးနဲ့ နမ်းစုပ်လိုက်
သည်။အို ရှက်စရာ။
အံမယ် တောသူမလေး အရှက်ပိုနေသေး။
သောက်လေ သောက်လေ ငတ်မပြေ ဆိုရ
မလား မပြောတတ်။ဦးရဲ့ အောက်နှုတ်ခမ်း ရဲရဲလေးကိုပါ
နမ်းစုပ်ရင်း အသည်းတယားယားနဲ့ ဖိ
ကိုက်မိတော့ နာသွားတာလား မပြောတတ်။
ဦးရဲ့ မျက်ဝန်းအစုံ အသာလေး ပွင့်ဟလာ
သည်။လက်မြန်ခြေမြန်ရှိတဲ့ ဦးရဲ့ ထုံးစံအတိုင်း
လှရွယ် လစ်ထွက်ပြေးဖို့ တွေးခါစ ရှိသေး
အဖက်ခံလိုက်ရလေပြီ။''ဦး မသိတုန်း ခိုးနမ်းနေတယ်ပေါ့လေ''
''မသိဘူး သွား''
''မသွားပါဘူးကွာ ဘယ်သူက ရန်လာစတာလဲ
ဖြေလေကွာ''''ဦးနော် သူများကို ဖက်လည်း ဖက်ထားသေး
ဒါက တောတော့ မြို့မဟုတ်ဘူး
လှရွယ် အခုအော်လိုက်ရင် အိမ်နီးနားချင်းတွေ
ဝိုင်းအုံလာမှာတော် ဟင်း... ဘာမှတ်နေလဲ''