✨ep 9

19 0 0
                                    

အပိုင်း ၉
[တောသူမလေးလည်း ချစ်တတ်ပြီ]

ကွယ်ဝှက်ခဲ့တဲ့ အတိတ်။

''ဟဲ့ ငယ်လေး''

''ရှင် ဘာများလဲ ငယ် ဒီမှာလေ''

''သားနေခန့်ထည် ဘယ်သွားလဲ''

''အော် ပြောတာတော့ ဘောလုံးကန်သွားမယ်တဲ့
ကလေးလည်း အရွယ်ရောက်ပြီ လွှတ်ထားစမ်းပါရှင်''

''ဒီမှာ ငယ်လေး အစ်ကိုက သူ့အဖေ
အေး သူ့အဖေ ဖြစ်တဲ့ အစ်ကိုဟာ ဒုစရိုက်ဂိုဏ်းက
လူတစ်ယောက်၊ အစ်ကိုမှာ မိတ်ဆွေတွေများနေတာ
မဟုတ်ဘူး ဒါကို ငယ် သဘောပေါက်ရဲ့လား''

''ငယ် သတိလက်လွှတ်ပြောမိတာ တောင်းပန်ပါတယ်''

''ဒီည အပြန်နောက်ကျမယ် ခေါင်းဆောင်ရဲ့
အ​ခြေအနေကလည်း သိပ်မကောင်းဘူး
ယာယီခေါင်းဆောင်လုပ်နေရလို့လည်း
အစ်ကို့ဆို မကြည်တဲ့လူက ခပ်များများ''

''နေဝင်တာနဲ့ အပေါက်ပိတ်ထားပါ့မယ်''

''အစ်ကိုသွားမယ်''

''အဖေ''

''ဟင် နေခန့်ထည် မင်း ဘာဖြစ်လာတာလဲ
ပြောလေကွာ၊ ကွာ မျက်နှာမှာ အညိုမည်းစွဲ''

''သား ရန်ဖြစ်လာတာအဖေ သူတို့တွေ
ဝိုင်းညစ်တာကိုး''

''မင်းကို အဖေ ဘာပြောထားလဲ
ကွာ အဖေ မအားလို့ အပြန်မှ ပြောမယ်
မင်း ကြပ်ကြပ် အဖေ့စကား နားမထောင်နဲ့
တစ်နေ့ ဒုက္ခတွေ့မယ်''

''အစ်ကို ဟိုလေ''

''ပြော ဘာလဲ မင်းတို့ သားအမိတွေကတော့လေ''

''မဟုတ်ပါဘူး လမ်းကြုံလေး လိုက်ချင်လို့
တကယ်တော့ ခေါင်းဆောင်ရဲ့ဇနီး ဆရာကတော်က
ခေါ်ထားတာ မေ့နေတာ ပြီးတော့ မပြောရဲတာလဲပါလို့''

''ဟာ အဲ့တာမျိုးက ပြောရမှာလေ
ငယ်လေးရာ ဘာလဲ တစ်ယောက်ထဲသွားမလို့လား

သား နေခန့်ထည် အဖေ အိမ်ပြန်နောက်ကျမယ်
သား အမေလည်း လိုက်ရမှာဆိုတော့ အိမ်မှာတော့
မနေနဲ့ အဖေ စိတ်မချဘူး ဟိုဘက်အိမ်သွားနေ''

''ဟုတ်ကဲ့အဖေ အဖေတို့ သွားပါ
သားလည်း ကြီးပါပြီ ပြီးရင် အဖေ့စကားလည်း
နားထောင်မှာပါ''

တောသူမလေးလည်းချစ်တတ်ပြီWhere stories live. Discover now