အပိုင်း ၅
[တောသူမလေးလည်း ချစ်တတ်ပြီ]ကျောင်းဖွင့်ချိန်။
''လှရွယ် လှရွယ် ရှိသလား''
''အို ဘယ်သူလဲကွဲ့ သမီးရေ ကျောင်းသား
တစ်ယောက် သမီးကို ခေါ်နေတယ်''''ဟင် သက်ဦးစေ နင်ဟာလေ
အမေ သမီးသူငယ်ချင်းပါ''''အော် အေးအေး လာကွယ်''
''ရော့ ဒီမှာ''
''ဘာတွေလဲ''
''နင့်အတွက် စာအုပ်လေ ငါ့ဖို့ ဦးလေး
ဝယ်လာတာနဲ့ ပိုနေလို့''''လျှောက်ပြောပြီ မဟုတ်မှလွဲ ဦးလေး
ငါ့ဖို့ပါ ဝယ်ပေးတာမလား''''မဟုတ်ပါဘူးဟာ နင် ဟိုနေ့က
မုံမုံနဲ့ ပြောနေတာ ကြားလို့ နင့်မုန့်ဖိုးနဲ့
အကြမ်းစာအုပ်ဝယ်နေတာဆို''''အာ တိုးတိုးပြောစမ်းပါ အမေကြားသွားရင်
မကောင်းဘူး၊ အခုက ဒါလာပေးတာလား
ပြီးတော့ ကြည့်ပါအုံး နှုတ်ခမ်းမှာလည်း ဒဏ်ရာ
နင် ရန်ဖြစ်ပြန်ပြီလား''''ဟုတ်တယ်''
''ဘယ်သူလဲ အစ်ကိုငယ်နဲ့ မဟုတ်လား''
''အင်း ဘာလဲ သူက လွန်တာလေ
အလကား ဝေလေလေကောင်''''နင့်ထက်ကြီးတဲ့လူနဲ့ ရန်ဖြစ်စရာလား
နေအုံး ငါ ထွန်းရွှေဝါယူလိုက်အုံးမယ်''''ဘာလုပ်ဖို့လဲ''
''အသာနေ အိမ်မှာ ရှိတာကောက်လူးပေးမှာ''
''ဟို ဟာ မလုပ်နဲ့''
''အမလေး ရှက်သလိုရွံသလိုနဲ့ အဖြစ်သည်းနေ
အင့်ဟယ် မှတ်ကရော''''အား ပူရှိန်းရှိန်းနဲ့ ငါ့ပါးတွေ
ပူလာပြီ၊ နင် နင်သေမယ်''''နင်နော် မလိုက်နဲ့လေ''
''ဒါဆို နင် မပြေးနဲ့''
''အမေရေ့ အဟိဟိ''
အတွေးတချို့က အတိတ်ကို ရောက်ရာက
သတိပြန်လည်လာချိန် အနားမှ လူတစ်ယောက်
ရောက်လို့နေလေပြီ။ ချစ်ပေမဲ့ မုန်းရတဲ့ လူကြီး။
ဦးနေခန့်ထည်။ပြီးတော့ ငြိမ်သက်စွာ လဲလျောင်းနေတဲ့
လူနာတစ်ယောက်။''သက်သာသွားမှာပါ''