REWRITE THE STARS (PART -1)

360 30 0
                                    

အပိုင်း (၁)
.
.
.
လောကကြီးက ရှုပ်ထွေးလွန်းတယ်
ပိုင်ဆိုင်လိုမှုတွေ ပြည့်နှက်နေတယ်
အားနည်းရင် ဖျက်ဆီးခံရမယ်
အားကြီးနေရင် ရန်ငြှိုးထားခံရမယ်
အရာရာကို ငွေနဲ့ရှင်းလို့ရတယ်
ယှဉ်ပြိုင်မှုတွေကြား ရှင်သန်ရတယ်

ဒီလိုယှဉ်ပြိုင်မှုတွေကြား အားအကြီးဆုံး ဂိုဏ်းနှစ်ခုရဲ့ ပြိုင်ဆိုင်မှုကတော့ အားအကြီးဆုံးပဲ
ရှုံးရရင်လည်း သေရဲရမယ်
နိုင်ရင်လည်း သတ်ရဲရမယ်

အင်အားကြီးလာတာနဲ့အမျှ
သူတို့ရဲ့ လက်အောက်ဂိုဏ်းခွဲတွေက
စပြီးပုန်ကန်ချင်လာတယ်

ဒီလို သူခိုးဂျပိုးတွေကိုလည်း နှိမ်နင်းရာရောက်စေအောင်
ဂိုဏ်းအင်အားလည်းပိုကြီးလာစေအောင်
ဂိုဏ်းနှစ်ခုက ဆုံးဖြတ်ချက်ချလိုက်တယ်

မင်္ဂလာပွဲ

မင်္ဂလာပွဲလို့ပဲ အမည်ခံပေမယ့် လက်ထပ်ရတဲ့သူနှစ်ယောက်က
အချစ်မပါ မေတ္တာမပါ
ပွဲကိုလုပ်ဖြစ်တယ်ပဲရှိခဲ့တယ်
သူတို့နှစ်ယောက်ကြားမှာက ပဋိပက္ခတွေက ရှိနေတုန်းပဲ
ပြောရမယ်ဆိုရင်တော့ သူစိမ်းနှစ်ယောက်အတွက် လက်ထပ်စာချုပ်ဆိုတာက လုပ်ငန်းအပေးအယူအရထိုးရတဲ့စာချုပ်ပေါ်က လက်မှတ်သာသာပါပဲ
ကိုယ့်အတွက်အကျိုးရှိလို့သာလုပ်ရတယ် စိတ်ထဲကတော့အငြိုးအတေးတွေ ရယူလိုစိတ်တွေနဲ့ပေါ့လေ
သူလည်း သူလုပ်ချင်ရာလုပ်ပါစေ
ကိုယ်လည်း ကိုယ့်စိတ်ချမ်းသာရာနဲ့ကိုယ်နေရုံပေါ့
အချင်းချင်းလည်း ၀င်မစွက်ဖက်ကြသလို
စကားတောင် တစ်လနေမှ ဆယ်ခွန်းပြည့်အောင်မပြောဖြစ်ကြ
ပြောလည်း ရန်ဖြစ်နေကျသူတွေပီပီ ရန်စကားကလွဲရင် ဘာစကားတွေထွက်လာနိုင်မှာတဲ့လဲ

***********

"Kyungsoo အိမ်မပြန်ဘူးလား"

"အိမ်လား ငါတော့အိမ်လို့မထင်ဘူး စစ်မြေပြင်ပဲ ပြန်နေလည်း စစ်ပဲတိုက်နေရမှာ ငါ့အတွက်အခုနေရာကပိုပြီး သက်တောင့်သက်သာအရှိဆုံးပဲ"

Baekhyun အမေးစကားကို အရက်တစ်ခွက်ကောက်မော့ရင်း ဖြေလိုက်တဲ့ကောင်လေးတစ်ယောက်
သူ့ရင်ထဲ ပူလောင်နေရတာ သူအသိဆုံးပဲ
အများအမြင်တော့ အားကျရတဲ့ Expectation gpရဲ့ သခင်လေးပေါ့ မကြာခင်တော့ ခေါင်းဆောင်ဖြစ်လာမယ့်သူ
ဒီလိုလူအနေနဲ့ အပူအပင်ရှိစရာလည်းမလို ဘာလို့များ အိမ်ဆိုရင် ခါးခါးသီးသီးဖြစ်နေရတာလဲ

REWRITE THE STARS Where stories live. Discover now