REWRITE THE STARS (FINAL)

135 14 0
                                    

(ဇာတ်သိမ်းပိုင်း)
.
.
.
လေပြေညင်းတွေ တိုက်ခတ်နေတဲ့ ပုံမှန်ညနေခင်းလေးတစ်ခုမှာ လူတိုင်းက နှစ်သစ်ကူးဖို့အတွက် ပျော်ရွှင်စွာပဲ ပြင်ဆင်နေကြတယ်။ ဂိုဏ်းသားတွေဟာလည်း လုပ်အားတွေနဲ့ ဝိုင်းကူပြီး ခြံထဲမှာ ပြင်ဆင်ကြ၊ အိမ်ထိန်းတွေကလည်း အားလုံးစားသောက်ဖို့အတွက် ပြင်ကြဆင်ကြနဲ့ အိမ်တော်တစ်ခုလုံး ဝေဝေဆာနေတော့သည်။

ခြံထဲသို့လည်း တဖွဲဖွဲ၀င်လာကြသော ကားလေးများမှာ တစ်စီးပြီးတစ်စီး၊ ပထမဆုံးဆင်းလာကြတာက Chanyeol နဲ့ Baekhyun တို့ပင်ဖြစ်သည်။

"Jongin ရေ!!"

အော်သံကျယ်ကျယ်လောင်လောင်ဖြင့် ပထဆုံး အိမ်ပေါက်၀ကနေ၀င်လာသူက Park Chanyeol

ထို့နောက် ရှက်လိုက်တာ ဆိုတဲ့အကြည့်ဖြင့် Chanyeol အား ကြည့်ရင်း ခေါင်းခါရင်း ၀င်လာသူက Byun Baekhyun

"Chanyeol တို့ ရောက်ပြီလား လာထိုင်စောင့်ကြဦး"

Jongin က အေပရွန်ကြီး၀တ်ရင်း မီးဖိုခန်းထဲကနေထွက်လာရင်း ဧည့်ခံသည်။

"မင်းက ဘယ်လိုဖြစ်ပြီး အေပရွန်ကြီးဝတ်ထားရတာတုန်း? ဂိုဏ်းခေါင်းဆောင်ကြီးက?"

"အချစ်ကို ကူညီချင်လို့"

"ဘောက်ကြဲကတော့ လုပ်ပြီ"

"ဘာဖြစ်လဲ မင်းလို ဘဲပလစ်မဟုတ်ဘူး။ Baekhyun-ah သူ့ကို ခုချိန်ထိ Instagram မှာ Follow back မလုပ်ရသေးဘူးမလား"

Baekhyunက ပြုံးပြီး ခေါင်းငြိမ့်ပြတော့ Park Chanyeol က တိတ်ကနဲက်ု ငြိမ်ကျသွားတော့သည်။

"Kyungsoo က အနောက်မှာမလား ငါသွားလိုက်ဦးမယ်"

Baekhyunက Kyungsoo အနောက်ကို လိုက်သွားတော့ Jongin က Chanyeol အနားလာထိုင်ကာ

"အဲ့တာကြောင့်ပြောပါတယ် မတူရင်မပြောပါနဲ့လို့"

"ပါးစပ်ပိတ်ထားနော် Christmas ညက ငါကူညီထားတာတွေ အကုန်ပေါ်ကုန်မယ်"

"မင်းကိုရော ငါမကူညီထားလို့လား"

Chanyeol တစ်ယောက်မှာ ဆက်စရာစကားတော့မရှိတော့ပေ

"အေးဆေးပေါ့ကွာ ငါ့သားကြီးမစွံမချင်း ဒီဖေကြီးက စွမ်းစွမ်းတမံ ကူညီပေးမယ်"

REWRITE THE STARS Opowieści tętniące życiem. Odkryj je teraz