REWRITE THE STARS (PART-24)

88 16 1
                                    

အပိုင်း (၂၄)
.
.
.
Junmyeon တစ်ယောက် ခုမှခွဲစိတ်ခန်းထဲ၀င်ပြီးလို့ အားတုန်းလေး လိုင်းပေါ်တက်ပါတယ် layzhang liked your post တဲ့ဆိုပြီး Instagram ကနေ notiတက်လာသည်ကို တွေ့လိုက်ရသည်။

လွန်ခဲ့သည့်ရက်ပိုင်းက တရုတ်ကို ခရီးထွက်ရမည်ဟုဆိုကာ Instagram accကို မရရအောင်တောင်းသွားသည်မို့ ပေးလိုက်ရသည်။ ပေးပြီး ညရောက်တော့ notiတွေ တန်းစီပြီး တက်လာလို့ ၀င်ကြည့်လိုက်တာ ရှိသမျှ postတွေအကုန် like၀င်ပေးသွားသေးသည်။ အခုလည်း မနေ့တနေ့က တင်ထားတဲ့ ပုံကို like၀င်ပေးသွားပြန်သည်။ အကောင့်ထဲမှာ သူ့ရဲ့အသည်းပုံတွေက တလူလူ။

Follow back ပြန်မပေးရသေးသည့်အချိန်ကဆိုလျှင် သူ့ဘက်က စfollowပြီး Junmyeon က Follow back မပေးသဖြင့် Junmyeon အားစိတ်ကောက်ကာ Follow ကို ပြန်ဖြုတ်သွားသည်။ ထို့နောက် ဖုန်းလှမ်းခေါ်ပြီး follow backလုပ်ပါဟု ဆူကာ ဖုန်းချသွားသည်မို့ မလုပ်ချင်လုပ်ချင်နှင့် Zhangyixing ၏ အကောင့်အား လက်ခံခဲ့ရသည်။

"ခရီးဝေးသွားလည်း VPNကျော်ပြီး လှမ်းကြူးတာပဲ ငါလည်း စိတ်ညစ်တယ် သူနဲ့တော့"

ပြေသာပြောနေတာ ရင်ထဲတွင် ကြည်နူးမှုလှိုင်းလေးဖြတ်သွားသည်ကိုတော့ Junmyeon တစ်ယောက်ကသာ သိနိုင်သည်။

အခုတော့ ကိုယ့်ဘာသာ ရေရွတ်နေတုန်း ဖုန်းက အသံမြည်လာသည်မို့ ကိုင်လိုက်သည်။ မကိုင်လို့လည်းမရ ခေါ်ဆိုသူက Kim Jongin လေ။ သူ့ယောက်ျား နေမကောင်းဖြစ်တိုင်း ဖုန်းခေါ်နေကျ မကိုင်မိတာမျိုးရှိရင် သောင်းကျန်းတတ်သည်မို့ ကိုင်ရသည်။

"အင်းပြော"

"Hyung ဟိုလေ တစ်ကိုယ်လုံးကိုက်ခဲနေရင် ဘာသောက်ရလဲ"

"ဘယ်သူဖြစ်တာလဲ Kyungsoo လား မင်းလား"

"အယ်...ဟို...ဘယ်သူဖြစ်ဖြစ်ဗျာ"

"ငါက ဖြစ်တဲ့သူကို သိမှ ဆေးညွှန်းလို့ရမှာပေါ့ကွ"

"ထားလိုက်ပါ ဟိုလေ...ဟိုဟာ"

"ဘာတွေဖြစ်နေလဲ မြန်မြန်ပြောစမ်းပါ"

"ဒီလိုဗျာ"

မတတ်နိုင်သည့်အဆုံး ဖြစ်ကြောင်းကုန်စင်ကြားလိုက်ရသည့် လူပျိုလေးမှာတော့ မျက်နှာတခုလုံးရဲကာ ဆေးအချို့ကိုညွှန်းရင်း ဖုန်းချလိုက်ရတော့သည်။

REWRITE THE STARS Onde histórias criam vida. Descubra agora