REWRITE THE STARS (PART - 13)

116 21 0
                                    

အပိုင်း(၁၃)
.
.
.
အသိစိတ်လွတ်ကာ နမ်းပြီးကြသည့်အချိန်နောက် နှစ်ယောက်သားအမြန်ဖယ်ရင်း ရှက်ကိုးရှက်ကန်းနှင့် အယောင်ယောင်အမှားမှား ဘာလုပ်လို့လုပ်ရမလဲမသိ။ Jongin ကတော့ ရှက်ပြီး အောက်ထပ်ပြေးဆင်းသွားပြီး Kyungsoo ကလည်း စောင်ကို ခေါင်းအထိလုံအောင်ခြုံကာ အိပ်ပစ်လိုက်သည်။

"အာ မင်းတော့ ရူးသွားပြီ Doh Kyungsoo ရေ!!!"

စောင်ပုံကြားထဲမှာ အော်နေတဲ့တစ်ယောက်ရယ်။ အောက်ထပ်ရောက်ရောက်ချင်း အသည်းယားပြီး ပန်းတွေဝါးစားနေတဲ့တစ်ယောက်ရယ်ကိုကြည့်ရင်း အိမ်တော်ထိန်းတွေမှာ ပြုံးစိပြုံးစိပင်...

************

ညအိပ်ယာ၀င်ချိန်ရောက်တော့လည်း Kyungsoo မှာ ဆေးအရှိန်ကြောင့် အိပ်ချင်ကာ ကုတင်ပေါ်ကွေးနေသည်။ ထိအချိန် တံခါးခေါက်သံကြောင့် ၀င်ခဲ့ဟုအသံပေးကာ လှည့်မကြည့်ပဲ ဆက်လှဲနေသည်။

"ဒီည ဒီမှာလာအိပ်မှာ"

"ဘာ!!"

Kim Jongin တစ်ယောက် ခေါင်းကုတ်ရင်း ဟိုကြည့်ဒီကြည့်နဲ့ အူလည်လည်။ ဒီစံအိမ်မှာ သူတို့နှစ်ယောက် တစ်ခန်းထဲ အတူအိပ်ရတာ ဒီညပထမဆုံးမလား။ ထို့ကြောင့် နှစ်ယောက်စလုံးက မနေတတ်ကြ။

"ဘာလို့ လာအိပ်မှာလဲ။ မင်းအခန်းက ဘာဖြစ်နေလို့လဲ။"

"ကြွက်...ကြွက်ရှိတယ်"

"ဟမ်"

"ကုတင်အောက်ထဲ ကြွက်၀င်သွားတယ်။ အဲ့တာ ဒီကိုခနလာရှောင်တာ"

"တခြားအခန်းတွေ၀င်အိပ်လေ မဟုတ်ရင် လူခေါ်ရှင်းပေါ့"

"ဟာ လိုက်လာနေဦးမယ် ဒီမှာပဲအိပ်မယ်။ လူခေါ်ရှင်းဖို့ကလည်း အကုန်လုံးကအိပ်ကုန်ပြီ"

နုတ်ခမ်းကြီးထော်ပြီး ကုတင်ပေါ်တက်ရန်ကြံတုန်း တွန်းထုတ်ခံရသေးသည်။

"ဝေးဝေးသွားကွာ"

တွန်းထုတ်လာသည့်လက်ကို ကိုင်ရင်း Kyungsoo နှင့် အကြည့်ချင်းဆုံလိုက်သည်။

"မင်း ဒီည ထဝာာတွေဘာတွေလုပ်ရင် အဆင်ပြေမှာမဟုတ်ဘူးနော်။ ငါမင်းကို ကူညီပေးလို့ရတယ်"

REWRITE THE STARS Where stories live. Discover now