REWRITE THE STARS (PART - 23)

97 18 0
                                    

အပိုင်း (၂၃)
.
.
.
"ကိုယ့်ကလေးလေးက ဘာဖြစ်‌နေတာတုန်း"

David ကိစ္စပြီးကတည်းက တစ်ညနေလုံး တစ်မှိုင်မှိုင်တစ်တွေတွေဖြစ်နေသည့် ချစ်သူလေးက မျက်နှာ‌မကောင်းတော့ JongInကိုယ်တိုင်ကလည်း စိတ်မချမ်းမသာဖြစ်ရသည်။

အခုလည်း အခန်းထဲက ဆိုဖာပေါ်မှာ တစ်ယောက်အပေါ်တစ်ယောက်မှီထိုင်ရင်း သက်ပြင်းချလိုက်သည့် Kyungsooကြောင့် Jongin တစ်ယောက် ပြာယာခတ်ရပြန်သည်။

"‌အချစ်...စိတ်ညစ်စရာတစ်ခုခုရှိရင် ကိုယ့်ကိုပြောပြပါလား...ကိုယ် နားထောင်ပေးမယ်လေ"

"..."

"လာပါ အဲ့တိုင်းကြီးစကားမပြောပဲမနေနဲ့။ ကိုယ်ဆိုတာ အချစ် အချိန်မရွေးရင်ဖွင့်လို့ရတဲ့သူလေ နော် အခုဘာတွေတွေးနေတာလဲ David ကိစ္စလား"

ဘာမှတော့မပြောပေမယ့် ခေါင်းတော့ငြိမ့်ပြရှာသည်။

"ပြောပြ ကိုယ်တို့ကြားမှာ ဒီလိုဖြစ်နေလို့မရဘူး။ စိတ်ညစ်စရာရှိရင် အချင်းချင်းဝေမျှရမယ်လေ နော်"

"အမှန်က..."

"အင်း"

"ငါ့ကိုယ်ငါ အံ့ဩမိတယ်"

"ဘာလို့လဲ"

"ငါ အဲ့ကောင်ကိုမြင်ရင် အဆုံးအထိနှိပ်စက်ပြီး သတ်ပစ်ဖို့စိတ်ကူးထားပေမယ့် တကယ်တမ်းဒီလိုနေ့ရောက်လာတော့ ငါဘာမှမလုပ်နိုင်ဘူး။ အရမ်းခံပြင်းပြီး ထဖို့ရိုက်ဖို့ ဘာအားမှမရှိတော့သလိုပဲ။ သူတို့ကြောင့် ဖြစ်လာတဲ့ ဒုက္ခတွေက ခေါင်းထဲအစီအရီပေါ်လာပြီး ရင်ထဲမှာ တင်းကြပ်‌တယ်။ ဘာအားမှမရှိတော့သလိုပဲ"

"ဒါဆို ကိုယ့်အချစ်က ဘာမှမလုပ်နိုင်လို့ စိတ်မကောင်းဖြစ်နေတာပေါ့လေ"

"အင်း"

"ကိုယ်ပြောပြမယ်နော်"

"အင်း"

"အခုအချိန်ထိ အချစ်လုပ်ခဲ့တာတွေကလည်း လုံလောက်ပါတယ်။ အချစ်နဲ့အတူ ရှာဖွေခဲ့တဲ့သက်သေတွေကနေ အစချီပြီး နောက်ဆုံး ကိုယ့်ကိုယ်ကိုတောင် စတေးခဲ့တာ။ အချစ်မလုပ်ခဲ့တာ ဘာမှမရှိဘူး။အချစ် အလုံအလောက် တာ၀န်ကျေခဲ့ပြီးပါပြီ"

REWRITE THE STARS Where stories live. Discover now