REWRITE THE STARS (PART - 19)

109 20 2
                                    

အပိုင်း (၁၉)
.
.
.
ချစ်ရတဲ့သူက ကုတင်ထက်မှာ ဝေဒနာခံစားနေရတာကိုမြင်လေ သူ့ကိုဒီလိုဖြစ်အောင်တဲ့ တရားခံကို သတ်ပစ်ချင်လေပဲ။ ဒါပေမယ့် ထိုတရားခံကို နှိပ်စက်ဖို့ထက် တနေ့တနေ့ဆိုးတဲ့အခြေအနေဘက်ကိုပဲသွားနေတဲ့ ချစ်ရသူကြောင့် ဘာကိုမှအတွေးထဲမထားချင်။

အိပ်ယာထက် ဖြူလျော့လျော့လေးလှဲနေတဲ့ခန္ဓာကိုယ်လေးမှာ အရင်ကထက် သိသာစွာ ပို၍ပိန်ကျသွားသေးသည်။ ဆေးနဲ့ပဲအသက်ဆက်နေရတဲ့အခြေအနေမှာ အရင်လိုပြည့်ပြည့်လေးဖြစ်နေတဲ့ခန္ဓာကိုယ်လေးကိုသာပြန်လိုချင်သည်။

"နည်းနည်းပဲ တောင့်ခံထားပေးပါလား။...ကိုယ်တို့အတူ ခရီးထွက်ရင်း တောင်တန်းတွေ ဘယ်လောက်လှကြောင်း၊ ကြယ်တွေဘယ်လောက်လင်းလက်ကြောင်းပြောရင်း ငြင်းကြခုန်ကြမယ်။ အချစ်က ကြယ်တွေကလင်းနေတာပဲလို့ပြောရင် ကိုယ်က ပြန်ဖြေမယ် ကြယ်တွေက အချစ်ရဲ့မျက်၀န်းတွေလောက်မလင်းလက်ပါဘူးလို့"

လက်ဖမိုးလေးကို ရေစုတ်၀တ်လေးနဲ့ အသာအယာသုတ်ပေးပြီးနောက် ခပ်ဖွဖွနမ်းရင်း ရေဇလားကိုင်ပြီး အပြင်ကိုထွက်လာသည်။ လမ်းတစ်လျှောက် ကျခဲ့တဲ့ မျက်ရည်တွေကတော့ မြေမှာခလို့...

***********

အ၀ငိုပြီးလို့ ပြန်လာချိန်မှာတော့ အခန်းတံခါးပိတ်ထားပြီး ဆရာ၀န်တွေ စုရုံးစုရုံးဖြစ်နေတာကိုမြင်လိုက်ရသည်။ ပြေး၀င်လာချင်ပေမယ့် အမြန်လာတားသည့် Junmyeon hyung ကြောင့်သာငြိမ်နေလိုက်ရသည်။ ခါတိုင်းနေ့တွေထက်စာလျှင် ဒီနေ့ ဘယ်သူမှအဖော်မရှိသည်မို့ တင်းကျပ်နေသည့်ရင်ကို ဆုပ်ကိုင်ရင်း တစ်ယောက်တည်းအခန်းရှေ့ထိုင်ချကာ ငိုကြွေးမိသည်။

"ဒီနေ့လည်း ဖြစ်ပြန်ပြီ"

နှလုံးခုန်စက်တွေနဲ့ အသည်းအသန်အလုပ်ရှုပ်နေကြချိန် နှလုံးကိုရှော့ခ်ရိုက်သံဟာ အခန်းတွင်းမှာသာမက အပြင်မှာပါ ဟိန်းထွက်လျက်...ဒီပုံစံနဲ့ သေးကွေးနေသည့် ခန္ဓာကိုယ်လေးကိုစိုးရိမ်သည်။

ကယ်တင်မှုပြီးသွားချိန် အခန်းပြင်ထွက်လာတော့ Junmyeon မျက်နှာဟာ အနည်းငယ်သာယာနေသည်။

REWRITE THE STARS Tempat cerita menjadi hidup. Temukan sekarang