REWRITE THE STARS (Part - 22)

91 15 0
                                    

အပိုင်း (၂၂)
.
.
.
"အချစ်ရရဲ့လား မူးနေသေးလား"

"ရှူ‌ဆေး..."

"အင်း ဒီမှာ ဒီမှာ"

ဒါကတော့ နောက်ဆက်တွဲရောဂါလို့ပြောရမလား။
အရင်ကထိခိုက်မှုဒဏ်ကြောင့် Kyungsoo က ခနခနမူးနေတတ်သည်။ ထိုအခါတိုင်း Jongin မှာ ပြာပြာသလဲ ပြုစုပေးသည်။

အရင်ကလည်း ကြယ်ကြည့်ဖို့ ခရီးအတူထွက်ပြီးအပြန်မူးလဲသည်မို့ Junmyeon ဆီအမြန်ပြေးရသည်။ ထိုအခါ  Junmyeon က ခေါင်းထိထားတာ‌ကြောင့် နောက်ဆက်တွဲ မူးဝေတာမျိုးဖြစ်ပြီး တအားကြီး စိုးရိမ်စရာတော့မရှိပါဘူးဟု ရှင်းပြသော်လည်း Jongin က မျက်နှာပင်မကောင်း

"အချစ် အဆင်မပြေရင် ကိုယ် Junmyeon hyung ကို လှမ်းခေါ်ပေးရမလား"

"ဟင့်အင်း ဒီကိုခနလာ"

ကုတင်ပေါ်ကို ပုတ်ပြတော့ ကုတင်ပေါ်တက်ထိုင်လိုက်သည်။ ထို့နောက် လူကိုလှဲအိပ်ခိုင်းသည်မို့ သူခိုင်းသည့်အတိုင်း လှဲအိပ်လိုက်တော့ မျက်လုံးလေးမှိတ်ထားလျက်ပင် ရင်ခွင်ထဲသို့တိုး၀င်လာသဖြင့် အသာအယာပြန်ဖက်ထားလိုက်သည်။

"မွှေးလိုက်တာ...ငါ Jongin ရဲ့ ကိုယ်သင်းနံ့လေးကို အရမ်းကြိုက်တာပဲ"

ရင်ဘတ်နားလေးကို ရှုလိုက်တော့ Kim Jongin တို့ရဲ့ ရင်ဘတ်ကြီးက တဒိန်းဒိန်း

"အချစ်ရဲ့ ကိုယ်သင်းနံ့လေးကလည်း ကလေးလေးလိုပဲ။ ဒါနဲ့ မနက်က ခေါင်းလျှော်တာ ကြာတယ်မလား"

"ဘယ်လိုသိတာလဲ"

"တွေ့လား အဲ့လိုအကြာကြီးလျှော်လို့ အခုခေါင်းမူးပြီ။ တစ်ခုခုထပ်ဖြစ်ရင် ဘယ်လိုလုပ်မလဲကွာ"

"Jongin က စောင့်ရှောက်ပေါ့"

"အတတ်ကလေး ကိုယ်ကစောင့်ရှောက်ပေးလို့ပဲရတာလေ။ ခံစားရရင်အချစ်ကပဲ ခံစားရတာ။ အချစ်ခံစားရတာကို ကိုယ်က မြင်ရက်မယ်ထင်လို့လား။ နိုးနော်။ အဲ့လိုတွေလုံး၀မဖြစ်ရဘူး။အချစ်က ကျန်းကျန်းမာမာနဲ့ ကိုယ့်အနားမှာ တစ်ချိန်လုံးရှိနေပေး။ ဟုတ်ပြီလား"

ကလေးကို ချော့ပြောနေသလို ပြောနေသည့် JongIn မှာ ချစ်ရသူကို ရင်ခွင်ထဲထည့်ကာ ချော့မြူနေရသည်။ Kyungsoo က နေမကောင်းတဲ့အချိန်တွေဆိုလျှင် ချွဲတတ်သည်လေ။ ထိုအခါ အလိုက်သင့်လေးမနေပေးရင် စိတ်ကောက်လည်းခံရသေးသည်။

REWRITE THE STARS Where stories live. Discover now