REWRITE THE STARS (PART - 8)

125 21 0
                                    

အပိုင်း (၈)
.
.
.

"ဒီည သူတို့ရဲ့ခေါင်းဆောင် ခရီးထွက်ဖို့ရှိတယ် ငါတို့လှုပ်ရှားဖို့အမြန်ပြင်ရမယ် Kyungsoo "

"CCTVတွေကို ဘယ်လိုရှောင်မလဲ"

"Sehunကို အကူအညီတောင်းထားတယ်။ ညဆယ့်နှစ်လောက်ဆိုရင် cctvတွေကို သူလှမ်းပြီး Hackလိမ့်မယ်။ အချိန်ကတော့ မိနစ်နှစ်ပဲရမယ်။ အဲ့အချိန်အတွင်း လိုမယ့် ဒေတာတွေကိုယူပြီး ပြန်ထွက်လာမှဖြစ်မယ်"

"ငါတစ်ယောက်တည်း၀င်လိုက်မယ်"

"မင်းကို ဘယ်သူကာကွယ်မှာလဲ"

"ငါ့ဘာသာကာကွယ်နိုင်တယ်"

Jongin ကတော့ သက်ပြင်းသာချလိုက်ရသည်။

"အေးလေ လူလွတ်ကြီးဆိုတော့လည်း တစ်ခုခုဖြစ်ရင် နောက်မှာလွမ်းရဆွေးရမယ့်သူမှမရှိတာ လုပ်ပေါ့"

"Kim Jongin ရယ် အဲ့ကိစ္စမပြီးနိုင်ဘူးလား။ အကျိုးအကြောင်းသင့်အောင် ပြောလိုက်ရတာ‌လေ ဘာလဲ ငါ့ကိုသ၀န်တိုနေတာလား"

"တိုစရာလား ဖြစ်စရာလား ရာရာစစ"

"ညကျရင် လုပ်ရမယ့် မစ်ရှင်အတွက်ပြင်တော့ Sehunကို ဘယ်လိုဆက်သွယ်မှာလဲ"

"ငါက ထိန်းချုပ်ခန်းထဲ၀င်ပြီး system တွေအားလုံးကို ပိတ်ချလိုက်ရင် သူနဲ့အဆက်အသွယ်လုပ်လဲ ဘယ်သူမှမရိပ်မိလောက်ဘူး"

"အိုကေ အောင်မြင်အောင်ကြည့်လုပ်ကြတာပေါ့"

လက်သီးချင်းတိုက်ရင်း ခြံ၀န်းထဲက လူအလာနည်းတဲ့ပန်းခြံထောင့်တစ်နေရာကနေ ကောင်းကင်ကို လှမ်းပြီး မော့ကြည့်မိကြသည်။အချိန်တွေကြာတော့လည်း ခေါင်းဆောင်ရဲ့ယုံကြည်မှုကို အထိုက်အလျောက်ရနေပြီဖြစ်တဲ့ Jongin နဲ့ Kyungsoo က သာမာန်ဂိုဏ်းသားတွေထက်စာလျှင်တော့လွတ်လပ်မှုပင်အတော်ရနေပြီဖြစ်သည်။ထို့ကြောင့်လည်း ခြံ၀န်းထဲက နေရာအချို့ကို ခွင့်ပြုချက်မယူပဲ သွားလာနိုင်သည်။

"ဒါနဲ့ "

Kyungsoo က Jongin ဘက်ကို ပြောဆိုသည့်သဘောဖြင့်လှည့်ကြည့်သည်။

"မင်း ဒီခက်ခဲတဲ့လောကကြီးမှာ ဘာလို့ဆက်နေနေတာလဲ အမှန်ဆိုရင် မင်းကလွတ်လွတ်လပ်လပ်နေရတာကြိုက်တာပဲကို"

REWRITE THE STARS Onde histórias criam vida. Descubra agora