REWRITE THE STARS (PART -7)

104 19 0
                                    

အပိုင်း (၇)
.
.
.
"Doh Kyungsoo နဲ့ Kim Jongin လို့ ခေါ်တယ်ဟုတ်လား"

"ဟုတ်ပါတယ် အစ်ကိုကြီး"

"ဟုတ်ပါတယ် အစ်ကိုကြီး"

"မင်းတို့က ငါသိတဲ့သူတွေနဲ့ နာမည်တူနေသလိုပဲ"

Jongin ရော Kyungsoo ရော ရုတ်တရက် လန့်သွားသည်။

"ငါအမှတ်မှားတာများလား ဟိုဘက်က ကောင်လေးနှစ်ယောက်နာမည်က D.O.နဲ့ KAIဆိုတာမလား"

"ဟုတ်ပါတယ် အစ်ကိုကြီး"

ဘေးကလက်ထောက်က ထောက်ခံမှပဲ Kyungsoo ရော Jongin ရောခိုးပြီး သက်ပြင်းချနိုင်တော့သည်။ တော်သေးတာပေါ့ နာမည်တွေကို ခွဲထားလို့သာ။ နှစ်ယောက်စလုံးက အလုပ်ကိစ္စအတွက် နာမည်တွေကို D.O. နှင့် KAIဟုသာ လူအများကိုပေးသိထားကြပြီး ရင်းနှီးသည့်လူတွေလောက်သာ နာမည်အရင်းဖြင့် သုံးနှုန်းကြသည်။

ထို့ကြောင့်လည်း တစ်ဖက်က ရန်သူကအယုံလွယ်သွားတာဖြစ်သည်။

"ကဲ ဒါဆို Kyungsoo မင်းပြောကြည့် ဒီညနေမှာ မင်းကိုအလုပ်ကိစ္စတစ်ခုအပ်မယ် အသက်အာမမခံနိုင်ဘူး မင်းသွားပေးမလား"

"ရပါတယ်အစ်ကိုကြီး ကျွန်တော်သွားရဲပါတယ်"

"အန္တရာယ်များတာကို ဘာလို့သွားချင်ရတာလဲ ငါ့ကိုပြောပြကြည့်"

"ကျွန်တော့်အနောက်မှာ မိသားစုရှိတယ်။ သူတို့အတွက် ကျွန်တော် ဘာမဆိုလုပ်ရမှဖြစ်မယ်"

"ကြိုက်ပြီ အခုအချိန်ကစပြီး မင်းမိသားစုက ငါ့မိသားစုပဲလို့သဘောထားလိုက် ငါခိုင်းတာမင်းလုပ်ရမယ် နားလည်တယ်မလား"

"ဟုတ်ကဲ့အစ်ကိုကြီး"

"Jongin "

"ဟုတ်ကဲ့"

"ညနေ Kyungsoo သွားရမယ့်နေရာကို မင်းပါလိုက်သွား သူမရှိတော့တာမျိုးဖြစ်ရင် မင်းကအတည်ပြုပေးပေါ့"

"ဟုတ်ကဲ့အစ်ကိုကြီး"

ခေါင်းဆောင်ဆိုသူက ဒီလိုပင်။ သူများအားနည်းချက်ကို ချနင်းပြီး လက်ရည်သာတဲ့သူကို အလေးပေးတာမျိုး။ ထို့ကြောင့် Kyungsoo က တမင်တကာ အလိမ်အညာသုံးလိုက်တာမျိုးဖြစ်သည်။

REWRITE THE STARS Where stories live. Discover now