REWRITE THE STARS (PART - 11)

116 18 6
                                    

အပိုင်း (၁၁)
.
.
.
ညဘက်ရောက်တော့ Kyungsoo က အနာရှိန်ဖြင့် ဖျားလာသည်မို့ Jongin မှာ ကောင်းကောင်းမအိပ်ရပေ။

"Jongin-ah"

"ပြောလေ ဘာဖြစ်လို့လဲ"

"ချမ်းလို့"

စောင်အပိုပါထပ်ယူပြီး ခြုံပေးထားပေမယ့် ချမ်းသည်ဟုဆိုသည်ကြောင့် Jongin မှာ ဘာမှမတွေးတော့ပဲ စောင်ထဲကိုသူပါ၀င်ရင်း Kyungsoo အား တင်းကြပ်စွာဖက်ထားမိတော့သည်။ Jonginရဲ့ ရင်ခွင်ထဲရောက်နေသည့် Kyungsoo မှာလည်း တအီအီဖြင့် ပို၍တင်းကြပ်စွာဖက်ထားမိသည်။

သတိရတစ်ချက်မရတစ်ချက်ဖြစ်နေသူထက် ပိုပြီးသတိရှိနေတဲ့သူတစ်ယောက်ရဲ့ ရင်ခုန်သံတွေကတော့ အခန်းတစ်ခုလုံးဟိန်းလို့...

ထို့နောက် ခပ်ဖွဖွအနမ်းလေးတစ်ခုအား အိပ်နေသူ၏ နှဖူးလေးထပ်ခြွေရင်း အိပ်ပျော်အောင်မျက်လုံးတွေမှိတ်လိုက်တော့သည်။

အိပ်ပျော်နေသည့်ကောင်လေးရဲ့ လှစ်ကနဲအပြုံးကိုတော့ Kim Jongin တစ်ယောက် မြင်နိုင်မည်မထင်ပါ

*သန်မာရမယ်ဆိုတာကို သိပေမယ့် ကိုယ့်ကိုဂရုစိုက်ပေးသူရှေ့ရောက်ရင်တော့ တစ်ခါတစ်လေမှာလည်း အားနည်းသွားချင်မိတယ်*

*သန်မာချင်ယောင်မဆောင်ပါနဲ့တော့ တစ်ခါတစ်လေမှာ ဒီလိုအားနည်းသွားလည်း ကိုယ်ကာကွယ်ပေးနိုင်ပါတယ်*

************

နောက်တစ်နေ့မနက်ရောက်တော့ နေရောင်ခြည်စူးစူးတို့က ပြတင်းပေါက်လေးကိုဖြတ်သန်းရင်း နှစ်ခြိုက်စွာအိပ်ပျော်နေသည့်လူနှစ်ယောက်ပေါ်သို့ ဖြာကျလာသည်။

အရင်ဆုံးနိုးလာတဲ့ Kim Jongin ကတော့ Kyungsoo ရဲ့ နှဖူးပေါ်လက်လေးတင်ရင်း အဖျားစမ်းကြည့်လေရဲ့။

အဖျားမရှိဘူးဆိုမှ တစ်ဖက်ကလည်းမနိုးအောင် ဖြည်းဖြည်းလေးထရင်း မျက်နှာသစ်ရေချိုးရသည်။ ပြန်ထွက်လာတော့ ကုတင်ပေါ်က စောင်တွေနဲ့လုံးရင်း အိပ်ချင်မူးတူးဖြင့် နှုတ်ခမ်းလေးထော်ရင်း ငုတ်တုတ်လေးထိုင်နေသူကိုမြင်တော့ ရင်ဘတ်တစ်နေရာက ဒိတ်ကနဲ။

ဒါလား လူအများဖိန့်ဖိန့်တုန်နေအောင်ကြောက်ရတဲ့ Expectation gpရဲ့ ခေါင်းတောင်ဟုပင် မေးလိုက်ချင်သည်။ မမေးလည်းမမေးရဲပေ။ သူ့ကို ချစ်စရာကောင်းသည်ဟုပြောမိလျင် ဘေးက အရာ၀တ္ထုတစ်ခုခုက မိမိဆီသို့ ပျံသန်းလာနိုင်သည်လေ။

REWRITE THE STARS Tempat cerita menjadi hidup. Temukan sekarang