Intro

31.5K 250 1
                                    

"ကိုယ့်နှလုံးသားပေလွှာ" ဝတ္ထုလေးရဲ့ ကာရိုက်တာမိတ်ဆက်လေးပါ။

Photoအားလုံးက Pinterest ကနေ အနီးစပ်ဆုံးယူထားတာပါ။
မူရင်းပုံပိုင်ရှင်တွေကို Crdပေးပါတယ်။

Photoအားလုံးက Pinterest ကနေ အနီးစပ်ဆုံးယူထားတာပါ။မူရင်းပုံပိုင်ရှင်တွေကို Crdပေးပါတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အမည် - ဇိုင်းတေဇာသိုက်

အသက် - ၃၂

အလုပ်အကိုင် - သားဖွားမီးယပ်အထူးကု

အမူအကျင့် - စိတ်ဆက်ခြင်း

အိမ်ထောင်ဘက် - ပေလွှာဖြူ

အိမ်ထောင်ဘက် - ပေလွှာဖြူ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


အမည် - ပေလွှာဖြူ

အသက် - ၂၁

အလုပ်အကိုင် - မြို့ပြအင်ဂျင်နီယာ

အမူအကျင့် - ပျော်ပျော်နေတတ်ခြင်း

အိမ်ထောင်ဘက် - ဇိုင်းတေဇာသိုက်

ဇာတ်လမ်းအကျဉ်း

နယ်မြို့ငယ်လေးမှာ ဦးလေးလင်မယားနဲ့အတူနေထိုင်‌ေနတဲ့ ပေလွှာဖြူဟာ တစ်နေ့ ဦးငယ်ရဲ့သူဌေးမိသားစုရဲ့မွေးစားခြင်းခံခဲ့ရပြီး မိသားစုဖြစ်လာခဲ့သည်။

အချိန်တန်အရွယ်ရောက်လို့ ရည်းစားထားခဲ့ပေမယ့် ရည်းစားဖြစ်သူရဲ့မကောင်းတဲ့စိတ်ဓာတ်‌ေတွကြောင့် လမ်းခွဲခဲ့ကြသော်လည်း တစ်နေ့မှာတော့ ရည်းစားဟောင်းရဲ့ အဓမ္မပြုခြင်းကိုခံခဲ့ရသည်။

ထိုအဖြစ်အပျက်တွေကြောင့်အနည်းငယ်စိတ်ဖောက်သွားတဲ့အပြင် စကား‌ပါမပြောနိုင်ဖြစ်သွားရတဲ့ ပေလွှာဖြူ။

ငယ်စဉ်ကတည်းက ညီမအဖြစ်မတော်ချင်ခဲ့ပေမယ့် အခုပေလွှာဖြူရဲ့ရောဂါကုထုံးအတွက် လက်ထက်ဖို့ဖြစ်လာတဲ့ ဇိုင်းတေဇာသိုက်။

အိမ်ထောင်ကျပြီးတစ်အိုးတစ်အိမ်ထူထောင်ကြတဲ့အခါ ကုထုံးအတွက်ကြောင့်ဂရုစိုက်ပေးရင်း ဇိုင်းတစ်ယောက်ချစ်မိသွားမလား။
ပေလွှာဖြူကကော ဇိုင်းအပေါ်ဘယ်လိုတုံ့ပြန်မလဲ။

ပေလွှာပြန်လည်သက်သာလာပြီး ကွာရှင်းကြတဲ့အခါ နောက်ပိုင်းမှာသူတို့နှစ်ယောက်သားဘာတွေဆက်ဖြစ်ကြမှာလဲ။

ပေလွှာ့မိဘအရင်းတွေနဲ့ ဘော့စတွန်မြို့မှာပြန်လည်တွေ့ဆုံကြတဲ့အခါ မိဘတွေရဲ့အရှုပ်တွေကြားမှာ ပေလွှာဘယ်လိုရင်ဆိုင်မလဲ။ဘယ်လိုတွေဇာတ်သွားရှည်အောင် မွှေထုတ်ကြအုံးမလဲ။

အစရှိတဲ့ ဇာတ်ကွက်အစုံကို အကောင်းမွန်ဆုံးရေးသားသွားမှာဖြစ်တဲ့အတွက်ကြောင့် ဖတ်ရှုဝေဖန်ပေးကြဖို့ မေတ္တာရပ်ခံလိုက်ရပါတယ်။

Note** စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်တာမို့ လက်တွေ့နဲ့တစ်ထပ်တည်းကျဖို့မဖြစ်နိုင်ပါဘူးရှင်။ နားလည်ဖတ်ရှုပေးကြဖို့မျှော်လင့်ပါတယ်ကွယ်။

ဤဝတ္ထုလေးဖတ်ရှုပြီး တစ်နေ့တာပင်ပန်းထားသမျှ အမောပြေစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

Ku><

ကိုယ့်နှလုံးသားပေလွှာ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)Where stories live. Discover now