Unicode
မျက်စိကျိန်းလောက်တဲ့ မြစိမ်းရောင်ပင်လယ်ပြင်ကြီးရဲ့ အနက်ရှိုင်းဆုံး ရေအောက်လွှာဝယ် အချိန်ယန္တရားနတ်ဘုရား Yoon Jeonghan ဟာ ဧကရာဇ် Dino ပေးလိုက်တဲ့ သဝဏ်လွှာကို ပင်လယ်သမုဒ္ဒရာနဂါးမင်းဆီ လွှဲအပ်နေလေသည်။ ထိုသဝဏ်လွှာတွင် နဂါးမင်း၏ အရိပ်အာဝသထဲ မတော်တဆရောက်လာသည့် ရောင်နီနတ်ဘုရား Kwon Soonyoung ကို ကောင်းကင်ဘုံသို့ ပြန်ပို့ပေးပါရန် တောင်းဆို လျှောက်တင်ချက်ပင်ဖြစ်သည်။ ပင်လယ်နဂါးမင်းက ခေါင်းတဆတ်ဆတ်ညိတ်ကာ သူ၏ လက်အောက်ငယ်သားတွေအား ရောင်နီနတ်ဘုရားကို ဆင့်ခေါ်စေသည်။ တစ်အောင့်အကြာ ရောင်နီနတ်ဘုရား Kwon Soonyoung က မျက်နှာပေး ပြီတီတီဖြင့် လှမ်းလာသည်ကို Yoon Jeonghan တွေ့လိုက်သည်။ Yoon Jeonghan မှာ သူ၏ညီဖြစ်သူ ရောင်နီနတ်ဘုရားအား ဒေါသမျက်ဝန်းတွေဖြင့် ကြည့်လိုက်သည်။
မနေ့ညက သူတို့ညီအစ်ကိုနှစ်ယောက် စစ်တုရင် ကစားကြသည်။ ရှုံးသည့်သူက ပင်လယ်သမုဒ္ဒရာနဂါးမင်း၏ အမြီးကိုပြေးဆွဲရမည် ဟု လောင်းကြသည်။ ယင်းနောက် Kwon SoonYoung ဟာ အဖက်ဆည်၍မရအောင် ရှုံးသွားလေသည်။ တကယ်တမ်း နဂါးမင်းအမြီးပြေးဆွဲမည် ဆိုသည်မှာ စနောက်ခြင်းသာဖြစ်သော်လည်း Kwon SoonYoung မှာ အမှန်ဟု ထင်မှတ်ကာ ပင်လယ်သမုဒ္ဒရာအောက် ချဉ်းနင်းဝင်ရောက်သွားသည်သာ။ သူ၏ရည်ရွယ်ချက်ကတော့ ကြီးမားပါသည်။ နဂါးအမြီးဆွဲမည် ပင်။ ပင်လယ်သမုဒ္ဒရာနဂါးမင်းမှာ ဒေါသကြီးသည်ဟု နာမည်ကျော်ကြားသည့်အတွက် Yoon Jeonghan အနေနဲ့ ညီဖြစ်သူ ပြာမှုန့်ဖြစ်သွားမည့် အချင်းအရာကို ရှေးရှုပြီး ဧကရာဇ် Dino ဆီက သဝဏ်လွှာရသည်နှင့် ပင်လယ်ဆီ အပြေးနှင်မိသည်။
ဒေါသကြီးသည်ဆိုသော နဂါးမင်းကိုတွေ့တော့ ကိုယ်ခန္ဓာအရွယ်အစား ကြီးမားမည်ဟု ထင်မှတ်မိပေမဲ့ သေးရွယ်သော အရပ်အမောင်းနှင့် ခန္ဓာကြောင့် Yoon Jeonghan အံ့ဩသွားရသည်မှာ အမှန်ပင်။ မျက်နှာထားကလည်း တင်းမာခြင်းအလျင်းမရှိပါဘဲ တည်ငြိမ်အေးချမ်းလို့နေသည်။ ရေအောက်သမုဒ္ဒရာက သက်ရှိသတ္တဝါတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ ၎င်းတို့၏ နဂါးမင်းဧကရာဇ်မှာ ဖြူဖြူဖွေးဖွေးဖြင့် ချစ်စဖွယ်လေး ဖြစ်လို့နေသည်။
YOU ARE READING
ThunderCat
Fanfictionစစ်ပွဲတို့၏ နတ်ဘုရားဟု တင်စားခေါ်ဝေါကြတဲ့ မိုးကြိုးစွမ်းဆောင်ရှင် ခြင်္သေ့မင်း Kim Mingyu။ မီး၊ ရေ၊ လေ၊ မြေ စတဲ့ ဓါတ်ကြီးလေးပါးတို့ရဲ့ အရှင်သခင် Jeon Wonwoo။ ကွဲပြားခြားနားတဲ့ အခြေအနေ၊ မျိုးနွယ်စုတွေကို ကျော်လွန်ပြီး တည်မြဲတဲ့ ချစ်ခြင်းကြိုးထုံးတစ်ခ...