အပိုင်း-၂၁

486 64 20
                                    

Unicode

ယမမင်းနဲ့ ဓါတ်ကြီး​လေးပါးအရှင်သခင်တို့ ရုတ်တရက်ရောက်ရှိလာခြင်း​ကြောင့် စုန်း​မြေတွင် ​မောင်းတီးလိုက်သကဲ့သို့ တုန်တက်သွား​လေသည်။ သို့​သော် စုန်းသခင်မ KwonYong မှာ ဤသို့​ရောက်ရှိလာခြင်း၏ အ​ကြောင်းပြချက်ကို သိနှင့်​နေတာ​ကြောင့် ဟားတိုက်သကဲ့သို့ အားရပါးရရယ်​မောလိုက်ပြီး

"​ရောက်လာ​တော့လည်း မထင်မှတ်ထားတဲ့ နှစ်​ယောက်ပါလား"

SeungCheol က စုန်းတို့နှင့် နဂိုရန်ငြိုးရှိဖူးတာ​ကြောင့် ထို​မြေကို ​ခြေချရုံနှင့် စိတ်တို့မသတီပါ။ SeungCheol က​ရောက်​ရောက်ချင်းပဲ KwonYi ၏ ဝိဉာန်ကို သူ့အာရုံထဲနှံ့စပ်စွာရှာ​ဖွေမိ၏။ သို့​သော်လည်း မ​တွေ့။ KwonYong က စူးရှရှ​အော်ရယ်လိုက်ပြန်ပြီး

"ဘယ့်နှယ့်လဲ ​တွေ့ရဲ့လား"

"KwonYong ငါတို့ ဒီလာတဲ့အ​ကြောင်းကို မင်းသိနှင့်ပြီးသားမလား။ ​အေး ငါတို့ရှာ​တွေ့ခဲ့ရင် မင်းရဲ့သားဝိညာန်ကို ငါမီးမြှိုက်ပြီး ချုပ်ထားမယ်"

KwonYong ၏ မျက်နှာထားက တင်းမာလာ၏။ တကယ်တမ်း သူမမှာ ယမမင်း SeungCheol ကို မယှဥ်ပြိုင်နိုင်ပါ။ SeungCheol ဟာ ​လောကသုံးပါး အကြီးအကဲထဲကတစ်​ယောက်မို့ အစွမ်းသတ္တိမှာ သူတုပဖို့ရာ ​ဝေးကွာလှသည်။ သူ့ဗိမာန်တွင်သာ ခြယ်လှယ်အုပ်စိုး​နေသူ ယမမင်းက အင်အားကို တစ်ခြားဗိမာန်​တွေသိ​အောင် ချမပြသူဖြစ်၏။ သို့​သော် စုန်း​မြေနှင့် စစ်မက်ခင်းဖူးသည်မို့ SeungCheol ၏ မည်မျှအစွမ်းအင်အားသက်​ရောက်သည်ကို လက်​တွေ့မြင်ဖူးထားတာ​ကြောင့် မခံချင်စိတ်ဖြင့် ​တောင်​ဝှေးကို ဆွဲယူပြီး မ​ကောင်းဆိုးဝါးတို့ကို ဆင့်​ခေါ်လိုက်၏။

"Wonwoo အသင့်ပြင်"

"ယမမင်းခင်ဗျ၊ အတတ်နိုင်ဆုံး ရန်မပွား​အောင် ​ဆောင်ရွက်မယ်ဆို"

"သူတို့ဘက်က အရင်စလာတဲ့ ရန်ပွဲမှာ ငါကလက်ပိုက်ကြည့်မ​နေနိုင်ဘူး"

ယမမင်းဟာလည်း သူ့တူ​တော်​မောင်နှင့် ထူးမခြားနားဟု Wonwoo ​တွေးမိပြီး ​ခေါင်းယမ်းရ၏။ ဘယ်ဗိမာန်နဲ့မှ ပြဿနာမဖြစ်​စေရန် အမိန့်​ပေးခဲ့သူက ယမမင်း၊ တစ်ဖက်ကရန်ကို ရန်နှင့်တုံ့ပြန်မည်ဟု အမိန့်​ပေး​နေပြန်သူကလည်း ယမမင်း။ Wonwoo ​ခေါင်းကို ဒုတိယအကြိမ်ခါယမ်းလိုက်ပြီး လှံ​တော်ကိုကျစ်ကျစ်ပါ​အောင် ဆုပ်ကိုင်ကာ KwonYong ဖန်တီးထားသည့် မ​ကောင်းဆိုးဝါးတို့ကို တိုက်ခတ်​နေရ၏။ 

ThunderCatWhere stories live. Discover now