အပိုင်း-၂၀

538 62 15
                                    

Unicode

Wonwoo နှင့် SeungCheol က KwonYi ၏ ဝိညာန်အားရှာရန် ဝဲလွင့်​နေသည့် ဝိညာန်တို့ထံ ရှာ​ဖွေကြ​ပေမဲ့ မ​တွေ့ရှိ​ပေ။ နှံ့နှံ့စပ်စပ်ရှာ​ဖွေ​သော်ငြား KwonYi ၏ ဝိညာန်၏ အစအန​တောင် မရရှိ၊ ​မျောလွင့်​နေ​သော ဝိညာန်တို့ကို ထိန်းသိမ်းရန်တာဝန်ရှိသော ယမမင်းကိုယ်တိုင် ထိုဝိညာန်​ပျောက်ဆုံး​နေခြင်းအ​ပေါ် အ​ဖြေမရှိ​ပေ။ ဖြစ်နိုင်​ချေမှာ KwonYi အမှန်တကယ် ​သေဆုံးသွားခြင်းမဟုတ်ဘဲ ဝိညာန်သဖွယ် ကူး​ပြောင်း​နေထိုင်ခြင်းဖြစ်ရမည်။ သို့​သော် ဤသို့ကူး​ပြောင်း​နေထိုင်ခြင်းမှာ KwonYi လို သာမန်စုန်းနတ်ဆိုး မပြုလုပ်နိုင်ပါ။ Wonwoo က

"ယမမင်းခင်ဗျ ကျွန်​တော့်စိတ်ထင် KwonYi ရဲ့ ဝိညာန်ကို လျို့ဝှက်ထိန်းသိမ်းထားတဲ့ တစ်စုံတစ်ယောက်ကတော့ ရှိကိုရှိလိမ့်မယ်"

SeungCheol တစ်ချက်စဥ်းစားလိုက်သည်။ Wonwoo ပြောသည်ကို သူလည်းတွေးမိ၏။ ဤသို့သာ တကယ်ဖြစ်ခဲ့လျှင် သံသယဝင်သင့်သူမှာ စုန်းမြေအရှင်သခင်မ KwonYong ဖြစ်သည်။ SeungCheol က စုန်းတို့မြေကို အမြဲတစေ စောင့်ကြည့်နေသူဖြစ်တာကြောင့် KwonYong တစ်စုံတစ်ခုလှုပ်ရှားလျှင် သူတပ်အပ်သိနိုင်၏။ သို့သော် KwonYong တို့ဘက်မှ ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရှိပေ။ သို့ပေတိ ထိုအချင်းအရာတစ်ခုတည်းအား ရှေးရှုပြီး စုန်းသခင်မကို အပြစ်မရှိဟူ၍လည်း ဆိုလို၍မရပါချေ။

"မင်းစိတ်ထဲ စုန်းတို့ကို သံသယရှိနေတယ်မလား။ ကိုယ်တော်ရောပဲ၊ ဒါပေမဲ့ အဓိကလုပ်ရမှာက ဝိညာန်ရှာဖို့အတွက်ပဲ။ တစ်ခြားဘယ်ဗိမာန်နဲ့မှ ပြဿနာမဖြစ်စေနဲ့"

ယမမင်းပြောတာ မှန်၏။

အပူတစ်ပူမငြိမ်းသေးခင် နောက်ထပ်အပူတွေ ထမလောင်ဖို့က အရေးကြီးပြန်သည်။ ထို့ကြောင့် KwonYi ၏ ဝိညာန်ကို Mingyu နှင့် မဟုတ်ဘဲ Wonwoo နှင့်ရှာဖွေရန် ဆုံးဖြတ်ချက်ခဲ့ခြင်းဖြစ်၏။ Mingyu သာဆိုလျှင် ဒေါသကို မထိန်းနိုင်ဘဲ ကြုံရာ ဗိမာန်နဲ့ အချင်းပွားရအုံးမည်က ဧကန်ပင်။ Wonwoo က ယမမင်းပြောသည်ကို နားလည်ပါ၏။ ဤသို့နှယ် SeungCheol နှင့် Wonwoo စုန်းမြေသို့ ထွက်ခွာလာကြ၏။

//

"နဂါးမင်းခင်ဗျ"

အခုနှင့်ဆို သူ့အားခေါ်နေသည်မှာ ခြောက်ကြိမ်မြောက်ရှိနေလေပြီ။ ကောင်းကင်ဘုံသို့ ပြန်သွားယောင်ဆောင်ပြီး သူ့ဗိမာန်ဆီ ပြန်ရောက်လာသော အနှီနတ်ဘုရားဟာ ပြောရဆိုရ လွန်စွာ လက်ပေါက်ကပ်လွန်းပါ၏။ မိုးကြိုးစွမ်းဆောင်ရှင်သာ သိသွားလျှင် ထိုနတ်ဘုရားမှာ အပြစ်ပေးခံရအုံးမည်။ ထို့ကြောင့် ထိုနတ်ဘုရား‌ ခေါ်သံကို မကြားယောင်ပြုပြီး တမင်နေကြည့်သည်။ သူမထူးလျှင် လက်လျော့ပြီး ပြန်သွားမလားဟု အောင့်မေ့မိသော်ငြား ထိုနတ်ဘုရားက မပြန်ဘဲ သူ့ကိုသာ တစိမ့်စိမ့်ငေးနေပြန်၏။  

ThunderCatWhere stories live. Discover now