အပိုင်း-၄

530 69 11
                                    

Unicode

ပူလောင်မှု ဆိုတဲ့အဓိပ္ပါယ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့ဆိုပေးနေတဲ့ ငရဲပြည်မှာတော့ အချိန်တစ်ခုအထိ သာမန်အတိုင်းပါပဲ။ ဟုတ်ပါသည်၊ Kim Mingyu ချဉ်းနင်းဝင်ရောက် မလာမချင်းတော့ သာမန်ပါပင်။ ယမမင်း SeungCheol ကလည်း သူ၏ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တာဝန်ကျေစွာ ထမ်းဆောင်နေသည်။ ထိုအချိန်မှာပဲ ငရဲပြည်ရဲ့ မဟာပထဝီမြေကြီးဟာ တုန်ခါသွားသည်။ ရုတ်တရက်အခြေအနေကြောင့် ငရဲသားတွေကော ငရဲထိန်းတွေပါ တုန်လှုပ်သွားသည်။ SeungCheol က ငရဲနံရံတို့ကို ထိုးဖောက်ကြည့်လိုက်တော့ မိုးကြိုးစွမ်းဆောင်ရှင်နှင့် အရှိန်အဟုန်အပြည့်နဲ့ ပြေးလားသည့် ရာဇဝင်တွင် ခြင်္သေ့ဇူထွာလ်ကို တွေ့လိုက်ရသည်။

SeungCheol ခေါင်းခါမိသည်။ Kim Mingyu လာတိုင်း ကောင်းသတင်းမပါလာတာ သူအသိဆုံး။ သည်တစ်ခါလည်း မည်သို့သော စိတ်ဒုက္ခမျိုး ပေးအုံးမည်နည်း။ 

"အမလေး နတ်တစ်ပါးပါး ကယ်တော်မူပါ"

ယမမင်းဖြစ်တဲ့သူက ကောင်းကင်ဘုံရှိ နတ်ဘုရားတစ်ပါးပါးရဲ့ ဆောင်မမှုကို တမ်းတနေတာ ရယ်ချင်စရာတော့အကောင်းသား။ သို့သော်မတတ်နိုင်၊ Mingyu ရဲ့ ချဉ်းကပ်မှု ပိုနီးလာလေလေ၊ ပိုအက်ကွဲလာတဲ့ မြေသားတွေကြောင့် ငရဲထိန်းတွေက သူ့ကို အကြောင်းအကျိုးမေးကုန်ပြီ။ ငရဲသားတွေရဲ့ အော်ဟစ်မြည်ဟည်းသံကလည်း ပိုကျယ်လောင်နေပြီ။ SeungCheol က မိုးကြိုးစွမ်းဆောင်ရှင်ကို တိတ်တဆိတ် ကြိမ်းမောင်းမိသည်။ ဘယ်သောအခါမျှ သူ့ကို အလွတ်အလပ်မပေးပါလော။ တကယ်မွေးပေးခဲ့ရကျိုးနပ်တဲ့ကောင် လို့ပြောရအောင်လည်း သူမွေးခဲ့တာမဟုတ်၊ သူထိန်းပေးခဲ့တာ။ 

"အစ်ကိုတော်ရာ သူ့လိုသားမျိုး Hyung မို့မွေးရက်တယ်။ အခု အဲ့ကောင်က ဦးလေးဖြစ်သူကို ပြဿနာတွေ လိုက်ပေးနေတာ သိရဲ့လား"

မဆီမဆိုင် နောင်ဘဝကို ကူးပြောင်းသွားသည့် အစ်ကိုဖြစ်သူအား အပြစ်လိုက်ဖို့မိသည်။ Kim Mingyu ဆိုတဲ့ သူ့တူတော်ကလေးမှာ ငယ်စဉ်ကတည်းက ပြဿနာကို မီးထွန်းရှာနေတာ။ ဘယ်အပျိုစင်နဲ့မှ မနှီးနှောဖူးခဲ့တဲ့ လူပျိုစစ်စစ် SeungCheol မှာ ပြဿနာအိုးလေးကို ထိန်းကျောင်းရင်း အချိန်ကုန်ခဲ့ရသည်။ ယနေ့ထက်ထိ ယမမင်းအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့တာ နှစ်ပေါင်း ထောင်ချီတော့မည်။ သူ့ဘဝတစ်ဝက်မက တူတော်မောင် ကို လိုက်လံစောင့်ရှောင့်ပေးခဲ့ရတာ ယခုဆို လူပျိုအရွယ်တောင်မဟုတ်တော့ လူအိုပင် ဖြစ်ချေရော့သည်။ သူ့အဖြစ်သူ ပြန်တွေးကြည့်တော့ နှ​မြောမိသား။ တူလေးမို့လို့ အချစ်ပိုခဲ့ရတာ မွေးမွေးချင်း ပြောလာသည့်စကားတစ်ခွန်းက

ThunderCatWhere stories live. Discover now