Unicode
" KwonYi ရဲ့ ဝိညာန်က ဒီမှာပဲ"
Seungcheol က KwonYi ၏ ဝိညာန်အား ရှာဖွေနေရင်း တစ်စုံတစ်ခုကို သတိရမိ၏။ ဤသည်မှာ ပင်လယ်နဂါးမင်းနှင့် KwonYong ၏ လွန်ခဲ့သော နှစ်ပေါင်းရာကျော်ခန့်က ဖြစ်ပွားခဲ့သော စစ်ပွဲဖြစ်သည်။ ထိုအချိန်တုန်းက ထိုစစ်ပွဲသည် ငရဲဘုံသို့ ကူးစပ်လာရန် အလွန်နီးကပ်နေခဲ့သည်။ သို့သော် အမျှော်အမြင်ကြီးသည့် သူ့ဖခင်မှာ ဖြစ်ပွားနေသော စစ်ပွဲအတောအတွင်း ဘယ်ဗိမာန်နှင့်မှ အပတ်အသတ်အရောအနှောမလုပ်ဘဲ ငြိမ်သက်စွာနေနေခဲ့သည်။ မဆီမဆိုင် ကျိမီးရှို့မိပါက မိမိတို့ဗိမာန်ဘက်သို့ ကူးပြောင်းလာနိုင်ချေရှိသောကြောင့်ဖြစ်၏။ ထိုစစ်ပွဲအပြီးတွင် KwonYong ၏ သားဖြစ်သူ KwonYi က ဝိညာန်မျောလွင့်သွားခဲ့သည်။
စုန်းတို့၏ သဘာဝမှာ သေလွန်ပြီးပါက နောင်ဘဝသို့ ကူးပြောင်းရန် ခဲယဥ်းလှ၏။ ဝိညာန်မျောလွင့်ပြီး ခိုအောင်းခွင့်ရမည့် ခန္ဓာကိုရှာဖွေကြရသည်။ မရှာဖွေနိုင်လျှင်လည်း မျောလွင့်ဝိညာန်အဖြစ် စုန်းသခင်မထံ ခစားကြရ၏။ တကယ်တမ်းတွင် KwonYi သေဆုံးချင်းကား မြေအောက်သားရိုင်း ရှုယုံနှင့် သူ၏သားဖြစ်သူ မာ ၏ လက်ချက်ဖြစ်သည်။ ဤသည်ကို စကားအယုံလွယ်သူ KwonYi က ပင်လယ်နဂါးမင်း Jihoon ကိုသာ အမျက်ကြီးခဲ့ချေသည်။
သားဖြစ်သူ KwonYi မသေဆုံးခင်လက်တစ်ကမ်းအလိုတွင် KwonYong က ကြီးမားသောအစီအရင်တစ်ခုပြုလုပ်ခဲ့သည်။ ထိုအစီအရင်ကြောင့် သူမသားသည် ပင်လယ်နဂါးမင်း ၏ ခန္ဓာကိုယ်အတွင်း မှီတင်းခွင့်ရခဲ့သည်။ သူမ အစီအရင်လုပ်ခဲ့တုန်းက အနီးစပ်ကမီးငြိမ်းတောင်မှာ နေ့ချင်းညချင်း မီးဟုန်းဟုန်းတောက်ကာ မီးတောင်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်။ မျောလွင့်နေသော Kwonyi ၏ ဝိညာန်ကို ဟာမူကီ ဟုခေါ်တွင်သော မီးငြိမ်းတောင် (ထိုအချိန်က ပေါက်ကွဲသွားခဲ့ပေမဲ့ ယခုပြန်မီးငြိမ်းသွားသဖြင့် မီးငြိမ်းတောင်ဟုသာ ခေါ်တွင်ကြသည် ) တွင် လျို့ဝှက်ထားသည်ကား ဖြစ်နိုင်သည်။
ဤသို့ဆင်ခြင်မိသဖြင့် SeungCheol ဟာမူကီ မီးငြိမ်းတောင် သို့ ဒုန်းဆိုင်းပြေးထွက်ခဲ့ချေသည်။
YOU ARE READING
ThunderCat
Fanfictionစစ်ပွဲတို့၏ နတ်ဘုရားဟု တင်စားခေါ်ဝေါကြတဲ့ မိုးကြိုးစွမ်းဆောင်ရှင် ခြင်္သေ့မင်း Kim Mingyu။ မီး၊ ရေ၊ လေ၊ မြေ စတဲ့ ဓါတ်ကြီးလေးပါးတို့ရဲ့ အရှင်သခင် Jeon Wonwoo။ ကွဲပြားခြားနားတဲ့ အခြေအနေ၊ မျိုးနွယ်စုတွေကို ကျော်လွန်ပြီး တည်မြဲတဲ့ ချစ်ခြင်းကြိုးထုံးတစ်ခ...