အပိုင်း-၁၇

523 61 20
                                    

Unicode

PL's Note ( ဒီအပိုင်း​လေးကို ဖြည်းဖြည်း​လေးနဲ့ ငြိမ့်ငြိမ့်က​လေး ဖတ်​ပေး​စေချင်ပါတယ်♡)

//

သဘာဝနတ်ဘုရား Seokmin က ဧကရာဇ်​ပေးအပ်တဲ့ မိုးကြိုးစွမ်း​ဆောင်ရှင်ထံ သွားရမည့်တာဝန်ကို ထမ်း​ဆောင်ပြီးပြီမို့ ​ကောင်းကင်ဘုံသို့ ပြန်လာခဲ့သည်။ ​မိုးကြိုးစွမ်း​ဆောင်ရှင် ​ရောက်ရှိလာဖို့ အ​တော်အတန်ကြာ​အောင် ​စောင့်ရသည်​ကြောင့် ​ကောင်းကင်ဘုံကို​ရောက်​တော့ အချိန်က အနည်းငယ် လင့်​နေ​ချေပြီ။

ကောင်းကင်ဘုံသို့ပြန်​ရောက်​တော့ ကောင်းကင်​ဘုံအပေါက်တံခါးဝတွင် ငုတ်တုတ်​လေးထိုင်ကာ ယုန်ဖြူ​လေး​တွေကို ပွတ်သပ်​နေ​သော ငြိမ်းချမ်း​ရေးနတ်ဘုရား Joshuaကို ​တွေ့လိုက်ရသည်။ လက်တံရှည်သွယ်သွယ်​လေး​တွေက ယုန်ဖြူ​လေး​တွေထက်ကို နူးညံ့​​နေလိုက်တာ။ ခပ်ဖွဖွ​လေးပြုံး​နေသည်က လမင်း​ရေးတဲ့ပန်းချီလေးအလား။ မျက်ဝန်းထဲက ​နွေး​ထွေးမှု​ရောင်တွေက ​တောက်ပပြည့်လျှံ​နေတာ။ ဆံနွှယ်​လေးကစ ​ခြေဖဝါးနုနုအဆုံး သိမ်​မွေ့ခြင်း​တွေ ကဗျာဖွဲ့​နေတာ။ တစ်ချက်က​လေး ကြည့်မိရုံနဲ့တင် ရင်ကို​နွေးပြီး ငြိမ်းချမ်းလိုက်တာ။

Seokmin ဘာအသံမှ မထွက်မိဘဲ ရပ်ကြည့်​နေမိတာ အချိန်တစ်ခုအထိပင်။ ထို့​နောက် သူ့ဘက်ကို ဖြည်းညင်းစွာ လှည့်လာသည့် Joshua ။ ရုတ်တရပ်​တွေ့လိုက်တာ​ကြောင့် မျက်ဝန်းငယ်​တွေမှာ အံ့ဩမှု​လေး စွတ်သွားသည်။ အမူအရာတစ်ခုချင်းစီကအစ ​ပျော့​ပျောင်းသိမ်​မွေ့​နေတာ​ကြောင့် Seokmin ကြည့်​လေကြည့်​လေ မျက်နှာမလွှဲချင်ဖြစ်ရသည်။ Joshua က ပြုံးပြကာ Seokmin ဘက်ကို ​လျှောက်လာသည်။

"လမ်းခရီး အဆင်​ပြေ​ချော်​မွေ့ခဲ့ရဲ့လား Seokmin"

"အဆင်​ပြေ​ချော်​မွေ့ခဲ့ပါတယ် Joshua ။ Shua က ပြန်​ရောက်တာ ကြာပြီလား"

"နည်းနည်းကြာပါပြီခင်ဗျ"

"အခု Shua ဘာ​တွေများလုပ်​နေလဲ"

Joshua က အနက်ရှိုင်းဆုံးပြုံးပြီး

"ယုန်​ပေါက်​လေး​တွေ​ပေါ့ ​ခန်းမ​ဆောင်ရဲ့ ခန်းဆီး​တွေကို ကိုက်လို့တဲ့ ကျွန်​တော့်မှာ လိုက်ထိန်း​နေရတာပဲ"

ThunderCatWhere stories live. Discover now