အပိုင်း-၂၅

527 59 19
                                    

Unicode

အချိန်အားဖြင့် ဉာဥ့်ဦးယံတွင်ဖြစ်၏။ ​တိတ်ဆိတ်ငြိမ်သက်​နေ​သော ညအ​မှောင်ယံတွင် တစ်စုံတစ်​ယောက်၏ ခပ်တိုးတိုးညည်းတွားသံဟာ ကျယ်တစ်ချက် တိုးတစ်ချက်​ပေါ်ထွက်လာသည်။ မ​ကောင်းဆိုးဝါးကဲ့သို့ ဟစ်ငိုသံများ၊ သို့မဟုတ် တစ်စုံတစ်ခုကို ​ကြောက်ရွံ့တုန်ရီ​နေ​သော အသံများသည် ထိုနန်း​ဆောင်အတွင်း ဖြန့်ကျက်သွား၏။ လည်ပင်းတွင် အမည်း​ရောင်​သွေး​ကြောများ ပြည့်နှက်လာပြီး အကြည့်စူးစူးတို့က ​ကြောက်မက်ဖွယ်​ကောင်းလှသည်။ ထိုသူဟာ ရုတ်တရပ် ​ကောက်ထိုင်လိုက်ပြီး သူ့မျက်နှာသူ ကြိမ်ဖန်များစွာ ထုရိုက်​နေခဲ့သည်။ တဘုန်းဘုန်းနှင့် အားပါလှ​သော ရိုက်ချက်​တွေ​ကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားတာကို မထီမဲ့မြင်ပြုကာ ဆက်လက်ရိုက်နှက်​နေသည်။ 

ထို့​နောက် ပြန်ငြိမ်ကျသွားပြီး ​သွေးလန့်​နေ​သော မျက်ဝန်းတို့ဖြင့် ဟိုဟိုသည်သည် ​လျှောက်ကြည့်​နေပြန်၏။ သူ၏လက်​၊ ​ခြေတို့မှာလည်း အငြိမ်​မ​နေဘဲ တဆတ်ဆတ်တုန်ရီ​နေ၏။ ဂဏာမငြိမ်​သော ထိုသူ၏ မျက်ဝန်းတို့တွင် ​ချောက်ချားမှုတို့က အပြည့်။

" သတ်မှတ်ထားတဲ့ အချိန်ကို​ရောက်လာပြီ "

အသံဟာ ဝိုးတဝါးကြားလာရတဲ့အခါ ထိုလူမှာ ထိုင်မရထမရနှင့် ဗျာများ​နေသလို။ 

"​မေ့သွားတာလား၊ မင်းလုပ်ခဲ့တဲ့ အ​ပေးအယူ​လေ"

ထို့​နောက် ဘုန်းခနဲအသံနဲ့အတူ ပြုတ်လဲကျသွား​သော ထိုလူ။ ​ရေ​ရေရာရာမသိရသည့် တစ်စုံတစ်​ယောက်၏ သန်း​ခေါင်းယံဟာ ​ကြောက်မက်ဖွယ်​ကောင်း​နေသည်က​တော့ အမှန်ပင်။ ထိုညတွင် အ​မှောင်ရိပ်တို့ဟာ အလွန်အမင်းကြီးစိုး​နေပြီး ခက်ထန်​ကြောက်မက်ဖွယ်ရာ အိမ်မက်တို့ကိုသာ လူသားတိုင်း မက်ခဲ့ရသည်။ ထိုအကျည်းတန်ဖွယ် အိမ်မက်တို့၏ ​နောက်ကွယ်က ကြိုးကိုင်သူကိုတော့ မည်သူမျှ မသိခဲ့ပါ​ချေ။ 

စစ်မက်ဖြစ်ပွားနိုင်မည့် အ​ခြေအ​နေ၊ ​နေရာအနှံ့ပြန့်ကျဲ​နေ​သော ဦး​ခေါင်းခွံ​တွေ၊ နီရဲရဲ​သွေးတို့ဟာ လူသားတို့၏ အိမ်မက်တွင် ကြီးစိုးသွား၏။ အတိတ်နမိတ်ဖတ်​တတ်သော အကြီးအကဲတို့၏ အဆိုအရ များမကြာမီတွင် ထိန်းကွက်ချုပ်ထိန်းရခက်​သော စစ်ပွဲကြီး​ကြောင့် အရာခပ်သိမ်း ဆုံးရှုံး ပျက်စီးမည် ဟူ၍။ 

ThunderCatWhere stories live. Discover now