အပိုင်း-၅

559 60 12
                                    

Unicode

"ငြင်းမယ်ဆို စစ်ခင်းပစ်မယ်"

ဆိုတဲ့ ထိုသူ့စကားက သူ့နားထဲ ပဲ့တင်ထပ်နေသည်။ Wonwoo ဘာမှမစဉ်းစားတတ်တော့။ သူနဲ့ပတ်သတ်လျှင် ရင်ဘတ်တစ်နေရာက ဗြောင်းဆန်နေတာသိပေမဲ့ လျစ်လျူရှုထားမိသည်။ အချိန်တန်လျှင်တော့ ပုံမှန်ပြန်ဖြစ်မည် ဆိုသည့်စိတ်နှင့်။ သို့သော် ညနေဘက်တွေဆို နန်းဆောင်ပြတင်းပေါက်ကနေဖြစ်စေ၊ ပန်းဥယျာဉ်ကနေဖြစ်နေ တစ်စုံတစ်ယောက်ကို မျှော်နေမိတာ တကယ်ရှက်စရာကောင်းလှသည်။ အိပ်စက်ဖို့ ကြိုးစားတော့လည်း ထိုသူ့ပုံရိပ်က အထင်းသား ပေါ်လာသည်။ အိပ်ပျော်သွားပြန်တော့လည်း ထိုသူက အိမ်မက်ထဲအထိပါ ကျူးကျူးကျော်ကျော် ဝင်ရောက်လာသည်။ အိမ်မက်ထဲမှာလည်း ထိုသူနှင့် ချစ်ရေးဖွဲ့ဆိုသတဲ့။ ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာလဲ။ 

လျှပ်တပြက်ရောက်လာတဲ့ မိုးကြိုးစွမ်း​ဆောင်ရှင်က သူ့စိတ်ကို ဘာ​ကြောင့်များ သည်​လောက်စိုးမိုးနိုင်ရတာလဲ။ သူ့ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို ထင်ထင်ရှာရှား မြင်မိတဲ့အခါ ကိုယ်ကိုယ်တိုင်​တောင်မသိလိုက်ပါဘဲ ပြုံး​နေမိတာ။ မ​နေ့ညကမက်ခဲ့သည့်အိမ်မက်ဆို ပြန်​တွေးမိတိုင်း ဓါတ်ကြီး​လေးပါးလုံး တုန်လှုပ်သွားသလိုပင်။ နားထဲ ထိုသူ့ရဲ့အသံက ကြိမ်ဖန်များစွာ ပဲ့တင်ထွက်လာသည်။

"​မောင့် Wonnu ​လေးခင်ဗျ"

"​မောင့်အချစ်ဆုံး"

"​ဟော် ဒီ​လောက်ချစ်စရာ​ကောင်း​နေမှ​တော့ ဒီ​မောင်ရူးဖို့ပဲရှိ​တော့မယ်"

နားစည်မှာ ထိုအသံ​တွေက ချိတ်ဆွဲထားသလိုကို ကြား​ယောင်မိ​နေ​တော့ Wonwoo တစ်​ယောက် ကုတင်​ပေါ်က ချက်ချင်းဆင်းပြီး ဓါးရှည်ကိုဆွဲယူကာ စစ်​ရေး​လေ့ကျင့်ခန်းဆီ သွားမိသည်။ ကွင်းပြင်ကျယ်ကျယ်မှာ တစ်​ယောက်တည်း ဓါး​ရေး​ကျင့်​နေလျှင် စိတ်သက်သာမည်ဟု ​တွေး၍ ​လေညင်းနုနုတို့ကိုအ​ဖော်ပြုကာ လှပ​သေသပ်​သော ဓါးကွက်တို့ကို ဖန်တီး​နေသည်။ 

ထိုစဥ်မှာပင် ​လေညင်းနုနုတို့က တရွှီးရွှီးအသံ​တွေထွက်လာသည်။ များမကြာမီ ​ကောင်းကင်ထက် လျှပ်စီးတစ်စင်းက ရင်သက်ရှု​မောဖွယ် ​ပေါ်လာသည်။ Wonwoo ထိုလျှပ်စီးတို့ကို မျက်နှာမလွှဲကြည့်​နေရင်းက​နေ လျှပ်စီး​ကြောင်းတို့က​နေ စာတန်း​တွေထွက်လာသည်။ Wonwoo မျက်​မှောင်ကြုတ်မိသည်။ ဒါဖြစ်ရိုးဖြစ်စဥ်မှမဟုတ်တာ။ ထိုမိုးကြိုးစွမ်း​ဆောင်ရှင် ဘာ​တွေများလုပ်​နေသလဲ။

ThunderCatWhere stories live. Discover now