Unicode
"အခြေအနေဘယ်လိုလဲ"
ဩဇာအပြည့်နှင့်လေသံက မြေအောက်လောကတစ်ခုလုံးကို တုန်ခါသွားစေသည်။ ခေတ်အဆက်ဆက် လူသားတွေနှင့် လောကကြီးတစ်ခွင်ကို သောကဗျာပါဒပေးလာသော မြေအောက်သားရိုင်း မာ မှာ သူ၏ အကျည်းတန်လှသော အရိုးခေါင်းတွေအပြည့်ဖြင့် ပလ္လင်ပေါ်တွင်ထိုင်ကာ ရှေ့မှ အမျိုးသမီးတစ်ဦးအား ကိစ္စတစ်ခုကို မေးနေသည်။ ထိုအမျိုးသမီးမှာ စုန်းမြေ၏ အရှင်သခင်မဖြစ်သူ KwanYong ဖြစ်သည်။ KwanYong ၏ ဆန်းပြားကြောက်မက်ဖွယ် ကျိန်စာတွေကြောင့် လူသားတွေက မကောင်းဆိုးဝါးသဖွယ် သမှုတ်ကြသည်။ တစ်ချို့သော အယူသီးသူတွေဟာလည်း သူမကို ကိုးကွယ်ရမည့် နတ်ဘုရားအဖြင့် သတ်မှတ်ကြသည်။ KwanYong မှာ နဂို ကောက်ကျစ်ယုတ်မာသူမဟုတ်။ သူမ၏ စိတ်ရိုင်းတို့မှာ မြေအောက်သားရိုင်း မာ ကြောင့် ကြီးထွားလာခဲ့ခြင်းဖြစ်သည်။
KwanYong နှင့် ပင်လယ်နဂါးမင်း Jihoon မှာ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်က ကြီးမားသော စစ်ပွဲကြီးတစ်ခုရှိခဲ့ဖူးသည်။ ပင်လယ်သတ္တဝါတွေနှင့် စုန်းတို့၏ တိုက်ပွဲမှာ ရက်ပေါင်း၃၈ရက်မျှ ကြာမြင့်ခဲ့ပြီး စုန်းတို့ရှုံးနိမ့်ခဲ့သည်။ သို့သော် Jihoon တို့လည်း များစွာသော အထိနာမှုများကို ရင်ဆိုင်ခဲ့ရသည်။ ထိုစစ်ပွဲ၏နောက်ကွယ်မှာ မြေအောက်သားရိုင်း မာ ၏ လှည့်ကွက်တွေ ရှိခဲ့ဖူးသည်။ KwanYong ၏ သားငယ်လေးမှာ ပင်လယ်နက်ထဲ မတော်တဆနစ်မြုပ်သွားရာမှ အသက်ပျောက်ဆုံးခဲ့ရသည်ကို ပင်လယ်နဂါးမင်း၏ လက်ချက်ဟူ၍ ချောက်တွန်းရာမှ ထိုစစ်ပွဲကြီး စတင်ခဲ့တော့သည်။
ထိုအချိန်ကစပြီး KwanYong ၏ မကောင်းသောစိတ်ရိုင်းသစ်ပင်တို့မှာ တစ်စတစ်စကြီးထွားလာခဲ့သည်။ ထိုသစ်ပင်၏ အမြစ်မှာ ကြီးမားခိုင်မာလာခဲ့ပြီး ရေလောင်းစိုက်ပျိုးပေးနေသူကတော့ မြေအောက်သားရိုင်း မာ ဖြစ်သည်။ ယခုမြေအောက်သားရိုင်းမာ၏ လက်အောက်ငယ်သားများမှာ သူ့လောင်းရိပ်အောက်မှ စွန့်ခွာသွားကာ KwanYong ထံ အမှီတံကဲပြုနေတော့သည်။ ဒါကိုအခွင့်ကောင်းယူပြီး သားရိုင်း မာ မှာ KwanYong နှင့်တစ်ဖန်ပူးပေါင်းဖို့ ကြံစည်သည်။
YOU ARE READING
ThunderCat
Fanficစစ်ပွဲတို့၏ နတ်ဘုရားဟု တင်စားခေါ်ဝေါကြတဲ့ မိုးကြိုးစွမ်းဆောင်ရှင် ခြင်္သေ့မင်း Kim Mingyu။ မီး၊ ရေ၊ လေ၊ မြေ စတဲ့ ဓါတ်ကြီးလေးပါးတို့ရဲ့ အရှင်သခင် Jeon Wonwoo။ ကွဲပြားခြားနားတဲ့ အခြေအနေ၊ မျိုးနွယ်စုတွေကို ကျော်လွန်ပြီး တည်မြဲတဲ့ ချစ်ခြင်းကြိုးထုံးတစ်ခ...