အပိုင်း-၂၄

600 54 34
                                    

Unicode

"ကိုယ်​တော်က သိပ်ဆိုးပါတယ်၊ မင်းဘာလို့ ကပ်တွယ်​နေ​သေးတာလဲ"

သည်လိုစကားကို ကြားရတာ အခုဆို နဝမအကြိမ်ရှိ​နေခဲ့ပြီ။ SoonYoung လည်း မတတ်နိုင်ဘဲ အဖြူရိပ်က​လေး ​ပေါင်​ပေါ်သာ ​ခေါင်းအုံးလိုက်ပြီး မျက်ဝန်း​မှေး​မှေး​လေး​တွေကို ​မော့ကြည့်​နေမိသည်။ ကြယ်တာရာ​တွေအလား ထင်မှတ်ရ​ပေမဲ့ မဟုတ်ပါ၊ အဖြူရိပ်က​လေး မျက်ဝန်းတို့သည့် ကြယ်တာရာ​ပေါင်းများစွာထက်ပင် လှပ၍လင်းလက်ပါ၏။ အနမ်းဂ​ဟေဆက်ခဲ့ပြီးကတည်းက ပိုမိုနီးကပ်လာကြတာ သိသာ​သော်ငြား၊ စိတ်ပါရင် ပါသလို အထက်ပါစကားမျိုးကို သူ​လေး နှုတ်ခမ်းဖျားက ​ပြောမြဲ​​ပြောစမြဲ။

ဘယ်လို​တွေပဲ ငြင်းဆန်​နေပါ​စေ၊ SoonYoung က အ​နှောင့်အယှက်မဖြစ်​စေတဲ့ ကပ်တွယ်ခြင်းမျိုးနှင့် ကြိုးစား​နေတာမို့ Jihoon လည်း မုန်းဖို့​မေ့ဖို့​ဆိုသည့် လမ်းမှာ မယိုင်ချင်​တော့။ မုန်းရန်လည်း လမ်းစမရှိသလို၊ ​မေ့ပစ်လိုက်ဖို့ ဆိုတာဟာလည်း မဖြစ်နိုင်လွန်း​သော ခဲယဥ်း​ထွေပြားသည့် အရာရယ်ပါ။ Soonyoung ခင်းကျင်းထားသည့် နှလုံးသားတံတားပေါ်မှာ သူဖြတ်လျှောက်လိုက်ရမလား ဆိုသည့် အတွေးတို့ဟာ နေ့နေ့ညည လွှမ်းမိုးနေမြဲပါ။

ဒါပေမဲ့ တစ်ခါတလေ ဆုံးဖြတ်ရခက်တဲ့ အခိုက်အတန့်တွေရှိတယ်။ ကိုယ့်ကိုယ်ကိုယ် သံချပ်ပေးရင်းနေလာရတဲ့အခါ လူကတဖြည်းဖြည်းနဲ့ နုံးလာတယ်။ SoonYoung အပေါ် ခံစားချက်တွေဖွဲ့နွဲ့မိနေတာ သေချာသလောက်ရှိနေတော့ နှလုံးသားအရာ ထုံပေသူမို့ ရှေ့ဆက်ဖို့ သူမဝံ့ရဲ။ သူနဲ့ပတ်သတ်ရင် ဆိုတဲ့ ဝေါဟာရအပေါ် နှစ်ခြိုက်လာတာ သတိထားမိတော့ ရှက်စိတ်တွေလည်း ပြည့်နှက်လာတယ်။

SoonYoung ရှိနေတဲ့ သူ့ဘဝဟာ ပြည့်စုံခြင်းလို့ ခေါ်တွင်မယ်ဆိုရင် SoonYoung မရှိနေတဲ့ သူ့ဘဝဟာ ဆုံးရှုံးခြင်းပဲ ဖြစ်ပါလိမ့်မယ်။ ခဏတာ ရင်ခုန်ခြင်းမို့ ချစ်ခြင်းတွေ တည်တံ့နေတဲ့ နတ်ဘုရားကလေးတစ်ပါးကို သူငိုကြွေးခြင်းတွေ ပေးအပ်မိမှာ စိုးရွံ့ပါတယ်။ ဒါပေမဲ့ ခဏတာရင်ခုန်ခြင်း ဖြစ်မနေခဲ့တာ အံ့ဩစရာပါ။ သူ့ဘဝကို ကိုယ့်ဘဝထဲ ဆွဲခေါ်ချင်မိတဲ့ စိတ်ဆန္ဒမျိုး၊ ကိုယ့်ဘဝကို သူ့ဘဝထဲ ပုံအောပစ်လိုက်ချင်သည့် စိတ်ဆန္ဒမျိုးက ဝုန်းခနဲ ပေါ်ထွက်လာသည့်အခါမျိုးမှာ သူ့စိတ်သူ နိုင်အောင်ထိန်းရပါသည်။

ThunderCatWhere stories live. Discover now