-2-

1.4K 192 125
                                    

-Unicode-

မိစ္ဆာဆိုတဲ့အတိုင်း အသားစိမ်းငါးစိမ်းသွေးရဲရဲတောက်ထွက်နေတဲ့ အစာတွေတစ်စတစ်စစားသုံးရင်း နေထိုင်နေရတဲ့ဘဝမှာ သမားတော်ဖြစ်တဲ့ဂျွန်ဂျောင်ဂုတစ်ယောက် တစ်ခါတစ်ခါထယ်ယောင်းကိုအစာဆက်သရရင် အော်အော်ငိုချင်ခဲ့သည်။ သမားတော်ဆိုတဲ့အသက်တွေကယ်တင်ရတဲ့ မွန်မြတ်တဲ့အလုပ်..တစ်ဖက်မှာလည်းနေ့တိုင်းလုပ်နေရတဲ့ ဈေးထဲသွားအသားစိမ်းတွေ ပိဿာချိန်နဲ့ဝယ်ရ..ဝယ်လို့မရခဲ့တဲ့နေ့တွေဆိုသောင်းကြမ်းတတ်တဲ့ နာမ်သာရှိသူကြောင့် တောထဲအထိ တောကောင်တွေအမဲလိုက်ရတဲ့ရက်တွေမှာ ဆေးပစ္စည်းသာကောင်တတ်တဲ့ သူ့လက်တွေနဲ့ကပြေလည်နေတာမဟုတ်။ အသားမရတဲ့နေ့ဆို လူကိုကိုက်မယ် တကဲကဲလုပ်နေသူကြောင့် တောင်းပန်ရတာလဲအခေါက်ခေါက်အခါခါ။ ထပ်ပြီး ဖြစ်တဲ့ပြဿနာက လူအရိပ်အယောင်မရှိပဲ တစ်ယောက်တည်းစကားတွေပြောနေတတ်တဲ့ သမားတော်ဂျောင်ဂုကဆဋ္ဌမမြှောက်အာရုံရနေတယ် ဆိုတဲ့ သတင်းကြောင့်ဗေဒင်ယတြာအဆောင်လာတောင်းကြတဲ့ လူအုပ်ကြီးကြောင့်ဖြေရှင်းလိုက်ရတာလဲ အာညောင်းအောင်။

စိတ်ညစ်စရာတွေကြား ကင်မ်ထယ်ယောင်းကိုပျိုးထောင်ပေးတာတစ်လပြည့်တဲ့နေ့မှာ ထူးခြားစွာ ကင်မ်ထယ်ယောင်းရဲ့ကိုယ်ထည်ဟာနီညိုညိုအခိုးအငွေ့တစ်စုအဖြင့် ထိကိုင်လို့မရပေမဲ့ ထင်ပေါ်နေသည်။ အနည်းဆုံးတော့ဘယ်ဂျောင်က အမိန့်တွေပေးပြီးအော်လိုအော်နေမှန်းမသိ လန့်ဖြန့်နေရတာထက်စာရင် တော်သေးတယ်မဟုတ်လား။ နောက်တစ်ခုကအသံအနေအထားသည် လူပျိုပေါက်အသံသို့ကူးပြောင်းလာတာလဲ သတိထားမိပါရဲ့။ ကြီးထွားမှုနှုန်းကောင်းနေတာမြင်တော့ ငါပြုစုပျိုးထောင်ထားတာဆိုတဲ့မာန်လေးနဲ့ ဂျွန်ဂျောင်ဂုတို့ခပ်ပြုံးပြုံး။

"မင်းကခါတိုင်းလိုမဟုတ်တော့ဘူး ကင်မ်ထယ်ယောင်း..! လိုက်လို့မရဘူး..!!"

"ကျုပ်နှစ်ခါမပြောချင်ဘူး။ ခင်ဗျားတစ်ယောက်တည်း မ လွှတ် နိုင် ဘူး!"

ဈေးထဲသွားဖို့ သူ့ကိုအိမ်မှာနေခဲ့ခိုင်းလို့ပြဿနာဖြစ်နေတာ။ အရိပ်အယောင်ပေါ်နေတဲ့အချိန်ကာလမှာ ဒီအတိုင်းလျှောက်သွားရင်မြို့ထဲကလူတွေကြောက်လန့်ကုန်ကြမသွေမလွှဲ..အဲ့တာအပြင် တခြားသောအဆင်မပြေတဲ့အကြောင်းတွေလည်းရှိသေးသည်။ အဓိကက ဦးရီးတော်ရဲ့စောင့်ကြည့်ခံမျက်လုံးတွေ..

နာမ်Where stories live. Discover now