-Unicode-
ဘုရင့်မင်္ဂလာ ရှိတဲ့နေ့ထူးနေ့မြက်။
ပွဲကျင်းပမဲ့ညီလာခံရဲ့အရှေ့မျက်နှာသာနန်းရင်ပြင်ဟာ ခမ်းနားတဲ့အဆောင်အယောင်တွေနဲ့တင့်တယ်နေသလို ပွဲတက်ရောက်ကြမဲ့ပြည်သူတွေကလည်းသားသားနားနားပြင်ဆင်မှုတွေဖြင့်။ မခမ်းနားနေခဲ့တဲ့တစ်ခုတည်းသောအရာက ကောင်းကင်တစ်ခွင်ဖြစ်လိမ့်မည်။ အကျဥ်းတန်စွာ မဲမှောင်နေခဲ့တာ နေရောင်ဟာတစ်စိုးတစ်စိမှ တိုးမပေါက်ခဲ့။ကောဇောနီနီတစ်လျှောက် မျက်နှာကိုပုဝါပါးပါးအုပ်ထားတဲ့သတို့သမီးဟာ တစ်လှမ်းခြင်းလျှောက်လာနေသည်။ ကောဇောရဲ့အဆုံး မင်္ဂလာကတိကဝတ်ပြုမဲ့နေရာမှာ မရယ်မပြုံးမျက်နှာထားသေဖြင့်ဟေရိုလာပြည့်ရှင်မင်းနဲ့ ကောင်းချီးပေးမဲ့ ဘာသာရေးဆရာတစ်ယောက်ရှိနေသည်။ ကောဇောရဲ့တစ်ဖက်တစ်ချပ်မှာ တိုင်းပြည်အကြီးအကဲတွေနဲ့အမတ်တွေဟာ စုံစုံလင်လင်။ အနောက်မှာတော့ ပြည်သူတွေရှိသည်။
မှန်းထားတာထက် ပိုများနေတဲ့လူအုပ်ကြောင့် အမည်မဖော်လိုတဲ့အပြုံးတွေ ဖောသီနေခဲ့ဦးရီးတော်ဟာ အများအမြင် အစ်ကိုတော်ရဲ့မင်္ဂလာကိုဝမ်းသာပေးနေတဲ့ ညီတော်တစ်ယောက်ဖြစ်နေဟန်။ ဦးရီးတော်နဲ့ စစ်သူကြီးဂျောင်ယိုဆော့တို့မိသားစုဟာ ဟိုဘက်ဒီဘက်မျက်နှာချင်းဆိုင်ဖြစ်နေခဲ့ပြီး ဂျောင်ဟိုဆော့ရဲ့အကြည့်ပြင်းပြင်းတွေအား ဦးရီးတော်ဟာပြုံးပြုံးလေးတုံ့ပြန်သည်။ ဒီပွဲမှာ သူအသာစီး..။
Ah ! Ah !
ဘုရင်က သတို့သမီးအနားရောက်လာလေတော့ လက်ကမ်းပေးလိုက်သည်နှင့် ထူးဆန်းစွာ ကျီးနက်ကြီးတစ်အုပ်ကအမတ်တွေကြား ဦးတည်ပြီးပျံဝဲသွားသည်။ အထိတ်တလန့်ဖြစ်ကုန်ကြတဲ့ပြည်သူတွေနဲ့ ကျီးနက်တွေကိုသူတို့အနားမကပ်စေဖို့ အသည်းအသန်မောင်းထုတ်နေကြတဲ့ ဂုဏ်သရေကြီးလှစွာသောအမတ်တွေသည် အိန္ဒြေကြီးပျက်သိက္ခာပျက်ဖြင့်။
"ကြည့်စမ်း ဒါဘယ်လိုဖြစ်တာလဲ"
"နိမိတ်ဆိုးတွေ..!"
အလင်းမခွင်းနိုင်တဲ့ကောင်းကင်ရဲ့အမှောင်ကျနေမှုနဲ့ အ ထိုးနေတဲ့ကျီးနက်တွေက လူတွေသတ်မှတ်ကြတဲ့ နိမိတ်မကောင်းခြင်းတွေမလား။ နိမိတ်မကောင်းခြင်းတွေကို ဘာကြောင့် ဒီအိမ်ရှေ့စံ လုပ်ယူနေသလဲဆိုရင် အတူရှိနေတဲ့ကျွန်တော်တို့ပါအဖြေမထွက်ခဲ့။
![](https://img.wattpad.com/cover/354065484-288-k175578.jpg)
YOU ARE READING
နာမ်
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook