EP - 16

515 79 21
                                    

-Unicode-

ဟန်အန်းမြို့ကို သွားဖို့အသင့်ဖြစ်နေပြီဖြစ်တဲ့ အိမ်ရှေ့စံသည် မင်းကြီးစီစဉ်ပေးတဲ့ အတော်ဆုံးရဲမက်တွေကိုခေါ်မသွားခဲ့ဘဲ မြင်းကောင်းကောင်းတစ်ကောင်နဲ့ သမားတော်ကိုသာခေါ်သွားရန် ဆန္ဒပြင်းပျခဲ့သည်။ မြင်းကြီးပေါ်ခမ်းခမ်းနားနားရှိနေခဲ့တဲ့အိမ်ရှေ့စံရဲ့ ရင်ဘတ်ကြားမှာ သမားတော်ငယ်ဟာ ပုန်းကွယ်နေရသည်။ မင်းကြီးအပါအဝင် လူတွေရဲ့မျက်လုံးအများစုဟာ သူ့ထံမှာမို့ ပုန်းခဲ့တာဖြစ်သင့်သည်။

အရှိန်အဟုန်နဲ့ ဟန်အန်းမြို့ကိုထွက်ခွာသွားခဲ့တဲ့နောက် ကျွန်တော်ထွက်ပြေးဖို့လုံးလုံးတွေးခဲ့သည်။ ရှာရမဲ့အရာကိုအမြန်ရှာပြီး တာဝန်အမြန်ဆုံးသတ်ရင်း လာရာဌာနကို ပြန်ချင်နေပြီ။ လူ့လောက ကသံယောဇဥ်တွေသည် အပူဟက်တတ်ကြောင်း လှလှပပတွေသင်ယူလိုက်ရတဲ့အခါ ကျွန်တော်ခံစားချက်တွေကို ကြောက်တတ်ခဲ့ပြီ။

အစေခံလိိုလို အကျဥ်းသားလိုလိုဖြစ်နေတဲ့ဘဝထက် အတုမရှိတဲ့နတ်ဘုရားဘဝကို ပိုမက်မောတာ ကျွန်တော်မမှားလေဘူး။ မသေမျိုးလောကရောက်လာရတဲ့ အဓိကရည်ရွယ်ချက်သည် နတ်ဘုရားအဆင့်တက်လှမ်းဖို့ဖြစ်ခဲ့တာကြောင့် စမ်းသပ်ချက်တာဝန်တွေပြီးမြောက်ဖို့ အချိန်တွေထပ်မဆွဲနိုင်တော့ဘူး။

ကင်မ်ထယ်ယောင်းလက်ထဲ သူပိတ်မိနေတဲ့အချိန်တွေတလျှောက် အမတလောကမှာ မိစ္ဆာတွေဘယ်လောက်အထိ ရမ်းကားနေပြီလဲ။ မိစ္ဆာတွေသည်အကုန်ဆိုးယုတ်လွန်းတာမို့ မိစ္ဆာဘုရင်ရဲ့ဝိညာဉ်အပိုင်းအစကပ်ငြိနေတဲ့ မိစ္ဆာဘုရင်သန္ဓေသားလောင်းကရော ဘယ်လောက်အထိဆိုးယုတ်ဦးမှာလဲ။ အနီးကပ်ကြည့်ပြီးစောင့်ရမဲ့အဖြစ်သည် တွေးကြည့်ရုံနဲ့တင် မသက်မသာတွေ ကင်မ်ထယ်ယောင်းနဲ့တင် လက်လန်လွန်းနေပြီမို့။

6နာရီတစ်ခါ ခရီးတစ်ထောက်နားတိုင်း သစ်ပင်တစ်ပင်မှာ ကြိုးနဲ့အချည်ခံရတဲ့ဘဝသည် လွယ်လွန်းတာတော့မဟုတ်။

"ရူးနေလားကင်မ်ထယ်ယောင်း ! ပြန်ဖြည်ပေးစမ်း အခု!"

သစ်ပင်ခြေရင်းမှာ တုတ်ခံထားရတဲ့ကြိုးတွေကြား ဒေါသတွေနဲ့အော်ဟစ်နေတဲ့သမားတော်ရဲ့ နီဆွေ့ဆွေ့ဒေါသမျက်နှာလေးကို မလှမ်းမကမ်းကနေ အေးအေးလူလူထိုင်ကြည့်နေသူ။

နာမ်Where stories live. Discover now